ကိုဗစ်လူနာသစ် ၁,၅၃၂  ဦးတွင် ရန်ကုန်က ၁၁၄၂ ဦးတွေ့ရှိ၊ မြောက်ဥက္ကလာက ၁၂၈ ဦးဖြင့် အများဆုံးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၃၂ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၁၄၂ ယောက်တွေ့ရှိခဲ့ပြီး မြောက်ဥက္ကလာပက ၁၂၈ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၁၂၈ ယောက်၊ ရွှေပြည်သာက ၉၄ ယောက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၆၉ ယောက်၊ မရမ်းကုန်းက ၆၆ ယောက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)  နဲ့ အင်းစိန်က ၅၈ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၁ ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၁၁၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၆၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၇ ခုမှာ ၇၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၈ ခုမှာ ၂၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၉ ခုမှာ ၃၇ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၇ ခုမှာ ၂၅ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၁၆ ယောက်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ၁ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၄ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၇၆,၄၁၄ ယောက်၊ သေဆုံးသူ ၁,၆၉၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၆,၆၀၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၄၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up