A d v e r t i s e m e n t With Us

လူမျိုးရေးအ​ကြောင်းပြ မဲဆွယ်မှု​ဖြင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အမှုဖွင့်

စစ်ကိုင်းတိုင်း​၊ မင်းကင်းမြို့နယ်မှာ ​ရွေး​ကောက်ပွဲကာလ လူမျိုးရေးအ​ကြောင်းပြ မဲဆွယ်မှု​နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦး​မောင်မြင့်ကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ဥပ​ဒေပြုအ​ထောက်ကူပြု ​ကော်မတီဝင် ၂ ဦးက​နေ တရားလိုလုပ် အမှုဖွင့်ထားတာပါ။ အမှုဖွင့်ထားသူတဦးဖြစ်တဲ့ ဦးစိန်သန်း​က "အခုလိုစွဲဆိုရတာက ဦး​မောင်မြင့်ကို မုန်းတီးတဲ့ အာဃတမျိုးမရှိပါဘူး။ မဲဆွယ်စည်းရုံးခွင့်ကာလမှာ ​ရွေး​ကော်ကထုတ်ပြန်ထားတဲ့ ​ရွေး​ကောက်ပွဲဆိုင်ရာ ဥပ​ဒေကို ချိုး​ဖောက်တာရှိခဲ့လို့ တိုင်တန်းရတာ” လို့ ​ပြောပါတယ်။ မင်းကင်းမြို့နယ်စခန်းမှူး ဦး​ဇော်မိုး​ကျော်က " ဦး​မောင်မြင့်ကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတာဟုတ်ပါတယ်။ အမှုဖွင့်ထားတုန်းပဲ ရှိ​သေးတာပါ။ မင်းကင်းမြို့မရဲစခန်းမှာ​တော့ ​ပုဒ်မ ၅၈ (ဂ) အပါအဝင် ရွေး​ကောက်ပွဲဥပ​ဒေနဲ့ အမှု​ဖွင့်ထားတာ​ ၆ ခုရှိ​​လောက်ရှိတယ်” လို့ ​ပြောပါတယ်။ ပုဒ်မ ၅၈ (ဂ) ဟာ ​​ရွေး​ကောက်ပွဲ မဲဆွယ်ကာလမှာ ဘာသာ​ရေး၊ လူမျိုး​ရေးနဲ့ပတ်သက်ပြီး ​ဟော​​ပြောစည်းရုံးမှု ကျူးလွန်တာရှိခဲ့ရင် ​အမြင့်ဆုံး ​ထောင်ဒဏ် ၁ နှစ်ဖြစ်​စေ၊ ​ငွေဒဏ် ၁ သိန်းဖြစ်​စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်​စေ ချမှတ်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up