နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစီး သစ်ပင်ဝင်တိုက်သဖြင့် ၁ ဦးသေဆုံး 

photo-Myanmar Fire Services Department
နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၉/၃) နဲ့ (၂၄၉/၄) ကြားမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က ယာဉ်တစီး သစ်ပင်ဝင်တိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  Honda Odyssey အမျိုးအစား(အဖြူရောင်) ယာဉ်ဟာ မောင်းနှင်လာစဉ် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကာရန်ထားတဲ့ ဂတ်စ်ဝေးတန်းအား ဖောက်ထွက်ကာ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိတာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာကို ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ် ပါ အမျိုးသား ၂ ဦးအနက် ယာဉ်မောင်း သေဆုံးခဲ့ပြီး ကျန် ၁ ဦးကတော့ ဒဏ်ရာမစိုးရိမ်ရဘဲ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

//
More News
Up