Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပြိုကျပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ 
DVB
·
November 20, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးအုပ်စု၊ မလောင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က မြေစာပုံဟောင်းပြိုကျပြီး   အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။ ပြိုကျခဲ့တဲ့မြေစာပုံဟောင်းဟာ သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္ပဏီရဲ့ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံမှာ ရွှေနဲ့ ကျောက်မျက်မျောတိုက်ရင်း မြေစာပြိုကျခဲ့လို့ လူတွေ သေဆုံး ဒဏ်ရာရခဲ့တာလို့ လောင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ သေဆုံးသူဟာ ဇော်ဦး (၂၅)နှစ် မလောင်းကျေးရွာနေသူဖြစ်ပြီး ၊ဒဏ်ရာရသူတွေကတော့ ကျော်ကြီး (၂၉)နှစ်နဲ့  စိုးငယ် (၂၄)နှစ်တို့ဖြစ်ကြပါတယ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲမှာ နိုဝင်ဘာ ၁၈ ရက် ညကလည်း  မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၁ ဦး သေဆုံးသွားပါတယ်။ ဖားကန့်မြို့နယ်မှာ မြေစာပြိုမှု၊ ကျောက်ကမ်းပါးပြိုကျမှုနဲ့ ကမ်းပါးပေါ်က ခြေချော်ပြုကျမှုတွေကြောင့် အခုနှစ်အတွင်း  လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဒေသအာဏာပိုင်များရဲ့ သတင်းမှတ်တမ်းများအရသိရပါတယ်။ ဇော်မိုးထက်(ဖားကန့် )

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024