Home
မြန်မာသတင်း
ဝိုင်းမော်တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိ
DVB
·
November 20, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ အထောက်အထားမဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ ဝိုင်းမော်ရဲစခန်းက သိရပါတယ်။ နို၀င်ဘာ ၁၈ ရက် ညနေ ၂ နာရီလောက်က  ဝိုင်းမော်မြို့နယ်၊ ဆဒုံးစုပေါင်းဂိတ်မှာ တာဝန်ရှိသူတွေက တရုတ်နိုင်ငံသားတွေ လိုက်ပါစီးနင်းလာတဲ့ ကားကိုစစ်ဆေးရာမှာ အစစ်ဆေး မခံဘဲ မောင်းနှင်  ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးရာ ဆဒုံးဈေးမှာ ပြန်လည်ခုခံတာကြောင့် လုံးထွေးသတ်ပုတ်ဖမ်းမိခဲ့တာလို့  တာ၀န်ကျ ၀န်ထမ်းတစ်ယောက်က  ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၄ ယောက်နဲ့ သူတို့ကို တင်ဆောင်လာတဲ့ ကားသမားကို လ၀က အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊  ၁၃(၂) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ဇုန်းကျန်း CJ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024