DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ခရီးသွားရာဇဝင်အမှန်မပြောသူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
DVB
·
November 20, 2020
မြင်းခြံတွင် ခရီးသွားရာဇဝင်အမှန်မပြောသူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ခရီးသွားရာဇဝင်ကို အမှန်မပြောဘဲ ရောဂါကူးစက်မှု ဖြစ်ပေါ်စေခဲ့တဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မြင်းခြံမြို့မရဲစခန်းက ပြောပါတယ်။ 

လူနာအမှတ် ၇၈၈ ဟာ ရန်ကုန်ကို သွားလာခဲ့တဲ့ ခရီးသွား ရာဇဝင်ရှိခဲ့ပေမယ့် အမှန်မပြောတာကြောင့် လူနာကနေတဆင့် ရောဂါကူးစက်သူတွေ ထပ်ပြီးရှိခဲ့တဲ့အတွက် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မြင်းခြံမြို့နယ် ကျန်းမာရေးဦးစီးဌာနက တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။  

အဲဒီလူနာအမှတ် ၇၈၈ ဟာ သြဂုတ် ၃၁ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လူနာကနေတဆင့် နောက်ထပ် ၅၇ ဦးထိ ပြန့်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ကူးစက်ခံရသူတွေဟာ မန္တလေးမြို့က ကန်တော်နဒီဆေးရုံနဲ့ မြင်းခြံဆေးရုံတွေမှာ တက်ရောက်ကုသခဲ့ကြရပြီး လက်ရှိမှာတော့ ဆက်စပ်တဲ့ လူနာအားလုံး ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

၂၀၁၃ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ မှာ ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တာဖြစ်ပါတယ်။  

ဇာဇာမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013