တနှစ်တာ Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် ဟောလိဝုဒ်စတား မိုက်ကယ်ဘီဂျော်ဒန် ရွေးချယ်ခံရ (ရုပ်သံ)

နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ People မဂ္ဂဇင်းက ရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် သက်ရှိထင်ရှား Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား မိုက်ကယ်ဘီဂျော်ဒန်ကို ရွေးချယ်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသား မိုက်ကယ်ဘီဂျော်ဒန်ဟာ ဟောလိဝုဒ်ရဲ့ တကိုယ်တော်လူပျိုစာရင်းမှာပါဝင်နေဆဲဖြစ်ပြီး ဒါရိုက်တာ ရိုင်ယန် ကူးဂလာရိုက်ကူးခဲ့တဲ့ Fruitvale Station(2013)၊ Creed (2015)၊ Black Panther (2018) ရုပ်ရှင်ကားတွေနဲ့ ထင်ရှားပါတယ်။ လတ်တလောမှာတော့ ABC ရုပ်သံလိုင်းကနေ တင်ဆက်တဲ့ "Jimmy Kimmel Live!” အစီအစဉ်မှာ ဒီဆုကို ကြေညာပေးခဲ့တာဖြစ်ပြီး မိုက်ကယ်ဘီဂျော်ဒန်က “အရမ်းမိုက်တယ်။ ခင်ဗျားသိတဲ့အတိုင်း အားလုံးက “မိုက်ခ် မင်းအနေနဲ့ ဒါက ဖြစ်လာမှာမဟုတ်တဲ့ အရာတခုပဲ။ ခုလိုအစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာခဲ့တာ ကောင်းပါတယ်”လို့ ပြောပါတယ်။ ကလေးသရုပ်ဆောင်တယောက်အနေနဲ့ ဟောလိဝုဒ်ဆီ ခြေချနိုင်ခဲ့တဲ့ မိုက်ကယ် ဘီဂျော်ဒန်ဟာ တိုင်းမဂ္ဂဇင်းက ရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ People မဂ္ဂဇင်းဟာ တနှစ်တာအတွင်း ဆွဲဆောင်မှုအရှိဆုံး Sexy အဖြစ်ဆုံး အမျိုး သားအဖြစ် ထင်ရှားကျော်ကြားသူတွေ ဆယ်လီတွေထဲက ရွေးချယ်ဖော်ပြတာဖြစ်ပြီး မနှစ်က ၂၀၁၉ ခုနှစ်မှာတော့ နာမည်ကြီးအဆိုတော် ဂျွန်လဲဂျန့်က ရွေးချယ်ခံခဲ့ရတာ ဖြစ် ပါတယ်။ ဒီဆုကိုတော့ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်ကတည်းက နှစ်စဉ် ရွေးချယ်လာခဲ့တာဖြစ်ပြီး ပထမဆုံး ရွေးချယ်ဖော်ပြခံခဲ့ရသူကတော့ အမေရိကန်သရုပ်ဆောင်မင်းသားကြီး မဲလ် ဂစ်ဘ်ဆင်ဖြစ်ပြီး အဲဒီအချိန်မှာတော့ ၂၉ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ တနှစ်တာ Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် လူမည်းတွေထဲက ပထမဆုံးဖော်ပြ ခံခဲ့ရသူကတော့ အမေရိကန်လူမည်းသရုပ်ဆောင်မင်းသား ဒန်ဇဲလ်ဝါရှင်တန်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ သူ့အသက် ၄၁ နှစ်အရွယ်မှာ ဖော်ပြခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ဒွိန်းဂျွန်ဆင်နဲ့ အစ်ဒရစ်စ်အယ်လ်ဘာတို့လို လူမည်းသရုပ် ဆောင်မင်းသားတွေလည်း ပါဝင်လာခဲ့ကာ အခုနှစ်မှာတော့ မိုက်ကယ်ဘီဂျော်ဒန်က ဖော် ပြခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up