Home
မြန်မာသတင်း
ရွှေခေတ် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ၂ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
November 19, 2020
126268017_1857016924437111_2124965895066761120_n
ရွှေခေတ် မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားဟောင်းနှစ်ဦးဖြစ်တဲ့ ဦးစိုးမြင့် နဲ့ ဦးခင်မောင်လေးတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံးသမားကြီး ၂ ဦးဟာ လက်ရှိအချိန်မှာ ရန်ကုန်က ဧရာဝတီစင်တာနဲ့ မန္တလေးမြို့‌ကုတင် ၃၀၀ ဆေးရုံကြီးတို့မှာတက်ရောက် ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။  သူတို့နှစ်ဦး အမြန်ဆုံးပြန်လည်ကျန်းမာကြပြီး ကပ်ရောဂါဆိုးက လွတ်မြောက်ကြပါစေဖို့နဲ့ ကျန်တဲ့ မြန်မာ့ဘောလုံးလောကသားတွေ၊ မြန်မာ့ဘောလုံးပရိသတ်တွေနဲ့ ပြည်သူပြည်သားအပေါင်းကလည်း ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေဖို့ ဆုတောင်း မေတ္တာပို့သတယ်လို့ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဓာတ်ပုံ- MFF
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024