Home
မြန်မာသတင်း
ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
November 19, 2020
125352472_1542591619267909_6134283063930238940_n
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှာ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက  နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော် တံတားပူးပေါင်း စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲလောက်က ကာလိ-မိုင်းပျဉ်း-တာချီလိတ် ဘက်ကို ကျော်ဆန်း မောင်းနှင်လာတဲ့ TOYOTA Hi-Ace အမျိုးအစား မော်တော်ယာဉ်ကို စိစစ်ရှာဖွေရာက ယာဉ်ခေါင်မိုးပေါ်ရှိ ပစ္စည်းတင်အကန့်အတွင်း ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ စက္ကူဂျပ်ဖာ ၃ ဖာနဲ့ ယာဉ်အတွင်း ထိုင်ခုံပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှာ အိုက်စ်မူးယစ်ဆေး ကီလို ၈၀ သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးပိုင်ရှင်မှာ မိုင်းရှူးမြို့၊ အမှတ် (၄) ရပ်ကွက်နေ လောက်ဆိုင်ဖြစ်ကြောင်း သိရှိရလို့ ညနေ ၅ နာရီခွဲမှာ ပူးပေါင်းအဖွဲ့က လောက်ဆိုင်အား နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ကျော်ဆန်း (၄၇) နှစ်နဲ့ လောင်ဆိုင် (၂၈) နှစ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၆ ရက် မနက် ၉ နာရီခွဲအချိန်လောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးသွား ကားလမ်း၊ ရွှေညောင်ပင်ကျေးရွာအဝင်မှာ သီပေါမြို့နယ်မှ မန္တလေးမြို့ကို ချစ်မျိုးခိုင်မောင်းနှင်ပြီး စိုးခိုင်လိုက်ပါတဲ့ LIFAN အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ထည့်ထားတဲ့ ကျပ်သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။  မူးယစ်ဆေးဝါးတွေကို မန္တလေးကို သယ်ဆောင် ရောင်း/ဝယ်မှာဖြစ်ကြောင်း သိရပြီး ချစ်မျိုးခိုင် (၃၄) နှစ်နဲ့ စိုးခိုင် (၄၆) နှစ်တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- CCDACM
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024