မြစ်ရေကြီးခြင်းသတိပေးချက် – မိုးဇလ
DVB
·
August 9, 2013
၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ ၁၀း၀၀ နာရီ အချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန် ၀၉း၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ စင်တီမီတာတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။