Thursday, June 8, 2023
HomeLead Storyလေ့ကျင့်စဉ်ဒဏ်ရာရခဲ့သည့် ဂျိုးဂိုမက်ဇ်အတွက် ဖီဖာက ပေါင် ၂ သန်း လျော်ကြေးပေးမည်

လေ့ကျင့်စဉ်ဒဏ်ရာရခဲ့သည့် ဂျိုးဂိုမက်ဇ်အတွက် ဖီဖာက ပေါင် ၂ သန်း လျော်ကြေးပေးမည်

အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းချိန်မှာ ဒဏ်ရာရခဲ့တဲ့ ဂျိုးဂိုမက်ဇ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လီဗာပူးအသင်းကို  ပေါင် ၂ သန်း လျော်ကြေးပေးမယ်လို့ သိရပါတယ်။ 

နောက်ခံလူ ဂိုမက်ဇ်ဟာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းချိန်မှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ပြင်းထန်မှုရှိတာကြောင့် ခွဲစိတ်ကုသခဲ့ရပါတယ်။

တနှစ်ပတ်လုံးအထိ အနားယူရနိုင်တာကြောင့် ဖီဖာကနေ လီဗာပူးကို လျော်ကြေးအနေနဲ့ ပေါင် ၂ သန်းပေးလိမ့်မယ်လို့ အင်္ဂလန် အက်ဖ်အေဘက်က အတည်ပြုပါတယ်။ 

အင်္ဂလန်ကစားသမားတွေအားလုံးဟာ ဖီဖာရဲ့ ကလပ်အသင်းတွေအတွက် အကာအကွယ်ရရှိရေး အစီအစဉ်မှာ အာမခံထားရှိခဲ့ကြတာဖြစ်ပြီး  ပြိုင်ပွဲကြီးတွေနဲ့ ခြေစမ်းပွဲတွေအတွက်တင် မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ရင်လည်း ကလပ်အသင်းတွေဘက်က  လျော်ကြေးရမှာ ဖြစ်ပါတယ်။ 

ဖီဖာအနေနဲ့ ဒဏ်ရာရရှိတဲ့ ကစားသမားတစ်ဦးအတွက် တစ်ရက်ကို ပေါင် ၁၈,၀၀၀ ကျော်နဲ့ လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ဂျိုးဂိုမက်ဇ်အနေနဲ့ ၇ လခန့် အနားယူရနိုင်တာကြောင့် ပေါင် ၂ သန်းခန့် ဖီဖာက လီဗာပူးကို ပေးချေရနိုင်တာဖြစ်ပါတယ်။

နောက်ခံလူ ဂိုမက်ဇ်က လီဗာပူးမှာ တစ်လုပ်ခ ပေါင် ၈၀,၀၀၀ ရရှိနေပြီး အဲဒီလုပ်ခတွေအတွက် ဖီဖာရဲ့ လျော်ကြေးက အကူအညီဖြစ်စေမယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular