Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသဖြင့် ပဲခူးတွင် MASK ကမ်ပိန်းပြုလုပ် 
DVB
·
November 16, 2020
ပဲခူးတိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတဲ့အတွက် အထိရောက်ဆုံး ကြိုတင်ကာကွယ်ရေးလုပ်ငန်း တခုဖြစ်တဲ့ MASK Campaing ကို ပဲခူးတိုင်း ကျန်းမာရေးမှူးကိုယ်တိုင် ဦးဆောင်ပြီး အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပါတယ်။ ပဲခူးတိုင်းမှာ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိသူ ၃၄၅၂ ယောက် အထိရှိလာသလို ပဲခူးမြို့မှာဆိုရင်လည်း အတည်ပြုလူနာပေါင်း ၇၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ပါတယ်။  ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က “အခုဆိုရင် ပဲခူးဆေးရုံကို နေ့စဉ်လိုလိုရောက်ရှိလာတဲ့ သံသယလူနာတွေထဲ ကနေ အတည်ပြုလူနာအဖြစ်သတ်မှတ်ခံရသူ အားလုံးနီးပါးက အနံ့ပျောက်နေသူတွေ၊ ခရီးသွား ရာဇဝင် မရှိဘဲ ပိုးတွေ့ရှိသူတွေဖြစ်ပါတယ်။ အဲဒီလိုကိစ္စမျိုးက ပဲခူးတိုင်းအတွင်းမှာဆိုရင် ပဲခူးမြို့နယ်အပြင် သနပ္ပင်၊ ကဝ၊ ဝေါ၊ အုတ်ဖို၊ လက်ပံတန်းနဲ့ ဖြူးမြို့နယ်တွေမှာလည်း ဖြစ်ပေါ်နေတယ်”လို့ ပြောပါတယ်။ ဒီရောဂါကူးစက်မှုက ချောင်းဆိုးတာ၊ နှာချေတာ၊ စကားပြောတာတွေကနေတဆင့် လေထဲကနေ ကူးစက်တာဖြစ်တဲ့အတွက် ပဲခူးတိုင်း ကျန်းမာရေးဦးစီးကိုယ်တိုင်ဦးဆောင်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့အတူ နိုဝင်ဘာ ၁၅ ရက် မနက်က ပဲခူးမြို့က လူစည်ကားရာနေရာတွေ စျေးတွေမှာ Mask ကမ်ပိန်းကို အရှိန်အဟုန်ပြန်မြှင့်ပြီး စတင်လုပ်ဆောင်နေတာလို့လည်း  ပြောပါတယ်။ ပဲခူးဒေသခံတွေအနေနဲ့ ရောဂါကူးစက်မှာကိုတော့ စိုးရိမ်ကြပေမယ့် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိကြပဲ မလိုအပ်ပဲ သွားလာနေကြတာ Mask မတပ်ဘဲ သွားလာ နေကြတာတွေ ရှိနေပါတယ်။ အဲဒီအတွက် ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေကို အဓိက လုပ်ဆောင်ပေးနေတာပါ။ ကျန်းမာရေးဌာနအနေနဲ့ Mask အခုရေ ၁၀,၀၀၀ နဲ့ Face Shield ၅၀၀ ကို ဝေငှပေးခဲ့ကြပြီး နောက်ပိုင်းကြရင်တော့ အရေးယူတာတွေနဲ့ ဒဏ်ရိုက်တာတွေကို အုပ်ချုပ်ရေးပိုင်းတွေနဲ့ ကိုဗစ် ကော်မတီတွေကနေ လုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။ သတင်း - အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024