လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ဟာ စကော့တလန်အသင်းနဲ့ ကစားစဉ် ဒဏ်ရာရခဲ့လို့ အနားယူနေရပါတယ်။
နောက်ခံလူတွေဒဏ်ရာရနေတဲ့ လီဗာပူးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ အာနိုးလ်နဲ့ ဖာဘင်ညိုတို့ဟာလည်း ဒဏ်ရာကိုယ်စီ ရရှိထားကြတာပါ။
စကော့တလန်အသင်း ခေါင်းဆောင် ရော်ဘတ်ဆန်ဟာ ဆားဘီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။
အဲဒီနောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
နိုဝင်ဘာ ၁၉ ရက်မှာ အစ္စရေးနဲ့ ကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မသေချာသေးဘဲ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။