Home
အနုပညာ
မြန်မာအိုင်ဒေါဆုရှင် စောလားထော်ဝါး သီဆိုသည့် “အင်းလျားကိုလွမ်းတယ်” သီချင်း(ရုပ်သံ)
DVB
·
November 14, 2020
အခုနှစ်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ဂီတဖျော်ဖြေပွဲကို အပတ်စဉ် ကျင်းပနေပြီး ခုတပါတ်ရဲ့ ဖျော်ဖြေပွဲမှာတော့ မြန်မာအိုင်ဒေါစတား တေးသံရှင် စောလားထော်ဝါးကလည်း သီချင်းတပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ သူ သီဆိုခဲ့တဲ့ သီချင်းကတော့ တေးရေး ကိုလေးလွင် ရေးစပ်ထားတဲ့ “အင်းလျား ကို လွမ်းတယ်” သီချင်းဖြစ်ပြီး ခင်မောင်ထူးက မူရင်းတေးသံရှင်အနေနဲ့ သီဆိုခဲ့တာဖြစ်ကာ တခေတ်တခါက ရေပန်းစားသီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ “အင်းလျားကန်စောင်းမှာ… အချစ်ရယ် တို့ရယ်လေ… တဦးမျက်နှာ တဦးကြည့် ကာ ပြုံးပျော်နေ… အတွဲလေးတွေ တို့လေပဲလေ ချစ်စရာတွေ… အင်းလျားအလှ လွမ်းစရာ လွမ်းစရာ… မိုးချုပ်မှ အချစ်အဆောင်လေးဆီ လှည့်ပြန်လာ… သိပ်ချစ်တဲ့ အချစ်လက်ကလေးကို ဆွဲယူကာ… ညကျရင် လွမ်းရဦးမယ် သိပ်သေချာ… ဒီလို ဒီလို အပြတ် ဆွေးတာ” စောလားထော်ဝါးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် မြန်မာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုရရှိခဲ့သူတဦးဖြစ်ကာ မင်းသိနိုင်မလားအမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့အတူ တခြားအတွဲသီချင်းခွေတွေမှာလည်း ပါဝင်သီ ဆိုနေတဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။ ခုတခါမှာတော့ တက္ကသိုလ်အမှတ်တရ သီချင်းတပုဒ်အနေနဲ့ အင်းလျားကို လွမ်းတယ် သီချင်းထဲမှာတော့ သီချင်းခေါင်းစဉ်အတိုင်း ချစ်သူနဲ့ အဆောင်ပိတ်ချိန်အထိ နေထိုင်ရင်း အတူရှိခဲ့ဖူးတဲ့ အချိန်တွေကို လွမ်းဆွတ်တမ်းတတဲ့ ခံစားချက်တွေနဲ့ သီဆိုဖျော် ဖြေဟန်ကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “ဟိုတုန်းက အဖြစ်လေးတွေ… ပြန်လည်ရင်ဝယ် မြင်တယ်အချစ်ရယ်… အခုများတော့ ဘယ်ဝယ်ဘယ်ဆီ… တကယ်ကို ပြန်ကာမတွေ့ပြီ… လွမ်းရတဲ့ အင်းလျားဘက်ကို ရောက်ချင်တယ်… အင်းလျားလမ်း လမ်းမပေါ်မှာ လျှောက်လာတယ်… ကားလှလှလေးပေါ် အချစ်ကိုလိုက်ရှာတယ်… ကြင်နာသူရယ် နေနိုင်လိုက်တာ” ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေကို အောက်တိုဘာ ၁၆ ရက်ညပိုင်းက စတင်ကာ မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မနေ့က ဖျော်ဖြေပွဲပွဲစဉ် ၅ မှာတော့ Lucky Hand နဲ့ The Trees တေးဂီတအဖွဲ့တွေနဲ့အတူ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ စိန်ဝင်းထွန်း၊ အက်စ်ကဲနက်၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ ဇော်ပိုင်၊ ဖိုးကာ၊ ကျော်သီဟ၊ စောလားထော်ဝါး၊ သန်းသန်းနွယ်၊ ယုဇန၊ ရတနာမိုင်၊ ကေကေမိုး၊ ဝတ်ရည်ထက်နဲ့ ဖူးဖူးသစ်တို့က ပါဝင်သီဆိုဖျော်ဖြေသွားခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024