DVB Logo
Home
မြန်မာသတင်း
ထားဝယ် ရှစ်လေးလုံး ငွေရတု လူ ၅၀၀ ကျော် တက်ရောက်
DVB
·
August 8, 2013
ထားဝယ် ရှစ်လေးလုံး ငွေရတု လူ ၅၀၀ ကျော် တက်ရောက်
Donate to DVB

ထားဝယ်မြို့မှာ ဒီနေ့ ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ်အခမ်းအနားကို ဒေသခံ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတု အခမ်းအနားကို ထားဝယ်မြို့ ဇေယျဝတီ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာပါ။

ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားကို အဲ့ဒီတုန်းက စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တချို့ တက်ရောက်ခဲ့သလို ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျက်မြင်ဒေသခံတွေလည်း တက်ရောက်ခဲ့ပါတယ်။

ထားဝယ်တနယ်လုံးဆိုင်ရာ ဒီမိုကရေစီရရှိရေး တပ်ဦးရုံးရှေ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူတွေကတော့ ကျောင်းအုပ်ဆရာကြီး ဦးပန်းကျော်၊ ကျောင်းဆရာ ဦးချမ်းလှ၊ ကိုကြည်ရှိန်၊ ကိုစိုးဝင်းနဲ့ မမူမူအေးတို့ ဖြစ်ပါတယ်။

[caption id="attachment_42382" align="alignright" width="300" caption="၈၈ အရေးတော်ပုံ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုနေကြစဉ်"][/caption]ကျဆုံးခဲ့တဲ့ ကျောင်းဆရာ ဦးချမ်းလှရဲ့ သမီးဖြစ်သူ ဒေါ်မိုးသန္တာက “သေနတ်နဲ့ ရင်အုံကို ထိတယ်လို့ ပြောတာပဲ။ ပထမ ဦးပန်းကျော်ကို အရင်ပစ်တယ်လို့ ပြောတယ်။ အဲဒီမှာ ကျမအဖေက ပွေ့ချီနေတဲ့အချိန်မှာ အဖေကို ပစ်တယ်။ ကျဆုံးသွားတဲ့လူတွေက သူတို့စိတ်ဓာတ်က ဒီမိုကရေစီ အရမ်းရချင်တာလေ။ အခုလို့ အခမ်းအနားတွေနဲ့ သူတို့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်တယ်လို့ပဲ ကျမ ခံစားရတယ်။ ပျော်လည်းပျော်တယ်။ သူတို့အတွက် ဒီထက်ပိုပြီးတော့ နိုင်ငံတော်ကလည်းပဲ အသိအမှတ် ပြုစေချင်တယ်” လို့ ပြောပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ထားဝယ် ရှစ်လေးလုံးငွေရတုအခမ်းအနားဟာ လက်ရှိအစိုးရလက်ထပ်မှာ ဒုတိယအကြိမ်အဖြစ် တရားဝင်ပြုလုပ်ခွင့်ရရှိတဲ့ အခမ်းအနား ဖြစ်ပါတယ်။ အရင်စစ်အစိုးရလက်ထပ်မှာတော့ ပုန်းလျှိုးကွယ်လျှိုးနဲ့ လုပ်ခဲ့ကြရတာပါ။

ရှစ်လေးလုံး အရေးအခင်းနဲ့ပတ်သတ်ပြီး အဲ့ဒီနေ့က ဘယ်ဘက်ပခုံးကို နောက်ကနေ ကျည်ဆန်ဖောက်ဝင်ပြီး အသက်မသေခဲ့တဲ့ ထားဝယ်ဒေသခံ ဦးတိတ်ကြည်က သေနတ်မှန်ပြီး သွေးစွန်းထားတဲ့ အင်္ကျီကို အခုချိန်ထိ သိမ်းထားတယ်လို့ ပြောပါတယ်။

“ရှစ်လေးလုံး အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုယ်ကိုယ်တိုင် ဘ၀နဲ့ အသက်နဲ့ ရင်ဆိုင်လာပြီးတော့ မှန်ထားတဲ့ ပစ္စည်းဆိုတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရဘူး၊ မေ့လို့လည်းမရဘူး။ အဲဒါကြောင့်မို့ အမှတ်တရကို တသက်လုံး ထိန်းသိမ်းရှောက်စောင့်သွားမှာပါ။ ၆ ပေကျော်ကျော်လောက်ကနေပြီးတော့ ပစ်တာ။ ကျနော်တို့ကို အနောက်ကနေပြီး ပစ်တာ။ ရှစ်လေးလုံး အရေးတော်ပုံ စကတည်းက ကျနော်တို့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာဖို့ အတွက် ရည်ရွယ်ချက်နဲ့ လုပ်ထားတယ်ဆိုတော့ ယနေ့အထိ ပြီးပြည့်စုံအောင် မအောင်မြင်သေးတဲ့ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့တော့ သန္နိဋ္ဌာန် ချထားတယ်။”

၂၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနားတွေကို နိုင်ငံတ၀န်းမှာ ကျင်းပနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013