A d v e r t i s e m e n t With Us

ပြင်သစ်နှင့်ပွဲ၌ ပရိသတ်များ ကွင်းထဲဝင်ကြည့်ခွင့်ရသင့်ဟု ပေါ်တူဂီနည်းပြ သုံးသပ်

ပေါ်တူဂီနဲ့ ပြင်သစ်တို့ ကစားကြမယ့်ပွဲစဉ်ဟာ ပရိသတ်တွေ ကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ရဖို့ ထိုက်တန်တယ်လို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ပြောပါတယ်။   ပေါ်တူဂီအသင်းဟာ အိမ်ကွင်းလစ္စဘွန်းမှာ ပြင်သစ်အသင်းကို နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ် ဧည့်ခံ ကစားသွားရမှာပါ။  ထိပ်တန်း ၂ သင်းရဲ့ ပွဲစဉ်ဖြစ်လို့ ပရိသတ်တွေကို ကွင်းထဲမှာ မြင်တွေ့လိုပေမယ့် လော့ဒေါင်းချထားတဲ့အချိန်ဖြစ်လို့ ကျန်းမာရေးက ဦးစားပေး လုပ်ဆောင်ရမှာကိုတော့ နားလည်သဘောပေါက်တယ်လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။  ပရိသတ်တွေရှိရင်တော့ ပိုမိုစိတ်ဝင်စားစရာကောင်းပြီး ၂ သင်းစလုံးက အနိုင်ရလဒ်အတွက် ကစားကြမှာဖြစ်လို့ ပွဲကောင်းတပွဲဖြစ်လာဖို့ မျှော်လင့်တယ်လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။  ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ဟာ ယူရိုပြိုင်ပွဲမှာလည်း တအုပ်စုတည်း တွေ့ဆုံနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up