Thursday, June 8, 2023
HomeCOVID19ထိုင်းတွင် ပြစ်ဒဏ်ကျခံခဲ့ရသူများနှင့် ပိတ်မိနေသူများကို ကော့သောင်းနယ်စပ်ဂိတ်သို့ ပို့ဆောင်

ထိုင်းတွင် ပြစ်ဒဏ်ကျခံခဲ့ရသူများနှင့် ပိတ်မိနေသူများကို ကော့သောင်းနယ်စပ်ဂိတ်သို့ ပို့ဆောင်

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ထိုင်းဥပဒေအရ ပြစ်ဒဏ်ကျခံပြီးသူ ၁၄၄ ယောက်နဲ့  ကိုဗစ်ကာလ ထိုင်းနိုင်ငံမှာ ပိတ်မိနေသူ အယောက်  ၅၀ ကို ထိုင်းတာဝန်ရှိသူတွေက ကော့သောင်းနယ်စပ်ဂိတ်ကို ဒီကနေ့ လွှဲပေးလိုက်ပါတယ်။

ပြန်ရောက်လာသူတွေကို မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး လူဝင်မှုကြီး ကြပ်ရေးအဖွဲ့က စနစ်တကျစာရင်းကောက်ယူကြပါတယ်။

မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးက “အလုပ်သမားသံအရာရှိကနေတဆင့် ဆက်သွယ်လာတယ်အရင်ကလည်း ဒီလိုပဲလက်ခံပေးနေတာပါ။  အခုလည်း ကိုဗစ်ကာလ  ဖြစ်​နေတာကြောင့် ဒေသခံတွေကိုပဲ ပို့ပါဆိုလို့ လာပို့တာ။ ကော့သောင်းဒေသခံတွေပါတယ်၊ မြိတ်နဲ့ထားဝယ်ကလူတွေပါတယ်”လို့ ပြောပါတယ်။

 နေရပ်ပြန်ရောက်လာသူတွေကို လဝကဌာန တာဝန်ရှိသူတွေက စစ်ဆေးပြီးပါက ကော့သောင်းမှာနေထိုင်သူတွေကို  ကော့သောင်းမြို့မှာ ကွာရန်တင်ဝင်ခိုင်းမှာ ဖြစ်ပြီး မြိတ်နဲ့ ထားဝယ်ကသူတွေကိုလည်း သူတို့နေရပ်မြို့တွေကို  အမြန်ဆုံးပို့ဆောင်ပြီး ကွာရန်တင်းဝင်စေမယ်လို့ လည်းဆိုပါတယ်။ 

ကော့သောင်းမှာ နေသူတွေကိုတော့ အဏ္ဏဝါရပ်ကွက်ရှိ အထက်တန်းကျောင်း ကွာရန်တင်းစင်တာမှာ  ထားရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်း- လတ်ကိုကိုဦး

RELATED ARTICLES
- Advertisment -
Google search engine

Most Popular