Monday, June 5, 2023
HomeLead Storyဘာသာရေးအကြောင်းပြ မဲဆွယ်စတစ်ကာကမ်ပိန်းလုပ်ခဲ့သူများကို အမှုဖွင့်

ဘာသာရေးအကြောင်းပြ မဲဆွယ်စတစ်ကာကမ်ပိန်းလုပ်ခဲ့သူများကို အမှုဖွင့်

မန္တလေးမြို့မှာ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးဖို့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့ သူတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အမှုဖွင့်လှစ် လိုက်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက  မန္တလေးမြို့က ကျုံးပတ်လည် တစ်လျှောက် ၁၂ လမ်း လမ်း၈၀၊၂၆ လမ်းနဲ့ ၆၆လမ်း၊၂၆ လမ်းနဲ့ ၇၃လမ်းထောင့် အပါအဝင် နေရာငါးခုမှာ  “အမျိုးဘာသာသာသနာ စောင့်ရှောက်သူကို မဲပေးကြမည်”ဆိုတဲ့ စာသားပါ စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

လူအင်အား ၅၀ လောက်နဲ့ နေရာ ၅ နေရာမှာ  လူစုခွဲကာ စတေကာကမ်ပိန်း ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဖမ်းဆီးခေါ်ဆောင်သွားကာ ကိုယ်ရေးအချက်အလက်တွေ တောင်းပြီး ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ဦးဆောင်သူနှစ်ဦးကို အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) အရ အောင်မြေသာစံမြို့နယ် အမှတ်(၂) ရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အမှုဖွင့်လှစ်ခံရတဲ့ ဦးဆောင်သူတွေဟာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဦးဇော်ဝိတ်နဲ့ (ပြည်ချစ်သားဂျာနယ်ရဲ့ အယ်ဒီတာ) ဖြစ်တဲ့ ဦးနိုင် ခေါ် ဦးနိုင်ဝင်းထွန်း ဖြစ်ပါတယ်။

အမှုဖွင့်လှစ်ခံရသူတွေကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပြီး ‌အမှတ်(၂) ရဲစခန်း တာဝန်ရှိသူကို ဖုန်းဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ချမ်းသာစံမြို့နယ်၊ အမှတ် (၈) ရဲစခန်းမှာလည်း နိုဝင်ဘာ ၁၁ ရက်နေ့က ကမ်ပိန်းမှာ ပါဝင်သူ ၂၀ ဦးကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တဦးက အဆိုပါ ပုဒ်မနဲ့ အမှုဖွင့်လှစ်ထားပါတယ်။ 

ပုသိမ်ကြီးမြို့မ နာရီစင်အနီးမှာလည်း ကမ်ပိန်းပြုလုပ်ခဲ့တာကြောင့် ပါဝင်သူ ၅ ဦးကို ပုသိမ်ကြီးမြို့မရဲစခန်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့က အဆိုပါ ပုဒ်မနဲ့ပဲ အမှုဖွင့်ထားပါတယ်။ 

သတင်း-ထိန်ထိန်လင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular