Home
မြန်မာသတင်း
မူဆယ်ခရိုင်တွင် TNP ပါတီက ၅ ​နေရာ၊ USDP က ၃ ​နေရာနှင့် SNLD က ၂ ​နေရာ အနိုင်ရရှိ
DVB
·
November 12, 2020
ရှမ်းပြည်နယ်​ မြောက်ပိုင်းမူဆယ်ခရိုင်မှာ TNP ပါတီက ၅ ​နေရာ၊ USDP ပါတီက ၃ ​နေရာနဲ့ SNLD ပါတီက  ၂ ​နေရာ အနိုင်ရရှိတယ်လို့ ​မူဆယ်ခရိုင်ရွေး​ကောက်ပွဲ​ကော်မရှင်က သိရပါတယ်။ မူဆယ်ခရိုင်မှာ တအာင်းပ​လောင်အမျိုးသား (TNP) ပါတီက အမျိုးသားလွှတ်တော်မှာ ဦးအိုက်မွန်းက ခိုင်လုံမဲ ၅၉၀၁၇ မဲ၊ ပြည်သူ့လွှတ်​တော်မှာ ဦးထွန်း​ကျော်က ခိုင်လုံမဲ ၂၅၇၇၆ မဲ၊ ပြည်နယ်လွှတ်တော် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် (၁) မှာ ဦး​အေး​မောင်က ခိုင်လုံမဲ ၁၃၂၇၅ မဲ၊ ပြည်နယ်လွှတ်​တော် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှာ ​ဒေါ်အိုင်​စောစိန်က ခိုင်လုံမဲ ၁၂၅၃၃ မဲ၊ ပြည်နယ်လွှတ်​တော် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ဦးကြာထွန်း ခိုင်လုံမဲ ၁၂၃၂၅ မဲနဲ့ အသီးသီးအနိုင်ရရှိခဲ့တယ်လို့ မူဆယ်ခရိုင် ​​ရွေး​ကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ ပြည်နယ်​လွှတ်တော် မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ဦး​နော်​တောင်က ခိုင်လုံမဲ ၇၇၉၂ မဲ၊ ပြည်သူ့လွှတ်တော်မှာ ဦးသူရလွင်က ခိုင်လုံမဲ ၂၂၁၉၁ မဲ၊ ပြည်နယ်​လွှတ်တော် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂ )မှာ  ဦး​နော်​အောင်က ခိုင်လုံမဲ ၁၄၀၁၄ မဲ့ အသီးသီးအနိုင်ရရှိခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ပြည်သူ့လွှတ်တော်မှာ ​ဒေါ်နန်း​ထွေးမှုံက ခိုင်လုံမဲ ၂၄၂၁၈၁ မဲ၊ ပြည်နယ်လွှတ်တော် မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဦးစိုင်း​ကျော်သိန်းက ခိုင်လုံမဲ ၁၉၅၆၅ မဲနဲ့ အနိုင်ရရှိခဲ့တယ်လို့ မူဆယ်​ခရိုင်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ က သိရပါတယ်။ မူဆယ်ခရိုင်မှာ မဲ​ပေးခွင့်ရှိသူ ၃၃၀၅၃၂ ဦး ရှိပြီး ၂၀၁၅ ထက်စာရင် မဲဆန္ဒရှင် ၃၆၂၀၃ ဦး တိုးလာတာ ဖြစ်ပါတယ်။ Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024