Home
မြန်မာသတင်း
ပြည်ပပြန်များ၊ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများကို ကိုဗစ်-၁၉ အမြန်စစ်ကိရိယာဖြင့် စစ်မည်   
DVB
·
November 11, 2020
thumbs_b_c_09b7c2429af88799efe9b1b16f0fd931
ပြည်ပက ပြန်လာတဲ့သူတွေ၊ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေနဲ့ အိမ်မှာနေ ရမယ့် အစီအစဉ်မှာပါတဲ့ဒေသက လာသူတွေကို ကိုဗစ်-၁၉ ရောဂါရှိ မရှိ အမြန်စစ်ကိရိယာနဲ့ပဲ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံက ပြန်လာသူတွေ၊ အိမ်မှာနေရမယ့် အစီအစဉ်မှာပါတဲ့ဒေသက လာသူတွေကို အသွားအလာ စတင်ကန့်သတ်တဲ့ ရက်ကနေ ၃ ရက်မြောက်နေ့မှာ အမြန်စစ်ကိရိယာ (Rapid Test Kit) နဲ့ စစ်ဆေးမှာဖြစ်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကိုတော့ လူနာနဲ့ နောက်ဆုံးအကြိမ် ထိတွေ့ခဲ့တဲ့ ရက်ကနေ ၃ ရက်မြောက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးတာမှာ ပိုးတွေ့ရင်တော့ သက်ဆိုင်ရာ ဆေးရုံ၊ ကုသရေးဌာနတွေကို ပို့ဆောင် ကုသမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပထမအကြိမ်စစ်ဆေးတာမှာ ပိုးမတွေ့ဘူးဆိုရင် အသွားအလာ စတင်ကန့်သတ်တဲ့ ရက်၊ အတည်ပြု လူနာနဲ့ နောက်ဆုံးအကြိမ် ထိတွေ့ခဲ့တဲ့ ရက်ကနေ ၁၁ ရက်မြောက်နေ့မှာ PT-PCR နည်းနဲ့ ထပ်ပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးမှာဖြစ်ပါတယ်။ အမြန်စစ်ကိရိယာနဲ့ စစ်ဆေးတဲ့အခါမှာ ရောဂါလက္ခဏာမပြသူတွေမှာ ပိုးမရှိဘူးဆိုတဲ့ အဖြေပြတတ်ပြီး ပိုးကူးစက်ခံခဲ့ရတဲ့ရက်ကနေ အချိန်ကိုက်ရက်မှာ စစ်ဆေးနိုင်မှ မှန်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ၂ ကြိမ်လုံးမှာ ပိုးမတွေ့ပေမယ့် ရောဂါသံသယလက္ခဏာတွေရှိရင်တော့ ကုသတာကို ချက်ချင်းလုပ်နိုင်ဖို့နဲ့ ပိုစိတ်ချရဖို့ ၁၄ ရက်တိတိ အသွားအလာကန့်သတ်ထားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024