ကိုဗစ်လူနာသစ် ၁၂၆၆ ဦးတွင် ရန်ကုန်က ၉၂၄ ဦးဖြင့် အများဆုံးဖြစ်၊ အနံ့မရရှိသူ ၃၅၀ ပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁,၂၆၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က   ၉၂၄ ယောက်၊ မန္တလေးတိုင်းက ၁၀၁ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာမြို့နယ်က ၉၄ ယောက်၊ မင်္ဂလာဒုံမြို့ နယ်က အယောက် ၈၀နဲ့ မြောက်ဉက္ကလာပမြို့နယ်က ၇၃ ယောက် စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ်  ၄၁ ခု ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ်  ၁၂ ခုမှာ ၁၀၁ ယောက် ၊ ဧရာဝတီတိုင်းမြို့နယ် ၁၂ ခုမှာ  ၅၇ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၄ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ်  ၇ ခုမှာ   ၅၈ ယောက်၊ ပဲခူးတိုင်းမြို့နယ်  ၁၁ ခုမှာ  အယောက် ၄၀၊ မကွေးတိုင်းမြို့နယ် ၁၁ ခုမှာ ၄၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခု မှာ ၁၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၀ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၃ ယောက်၊  ရှမ်းပြည်နယ်တောင်ကြီးမှာ ၁ ယောက်၊ နေပြည်တော်မြို့နယ်  ၂ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  အယောက် ၃၅၀ ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၃,၂၄၁ ယောက်၊ သေဆုံးသူ ၁၄၆၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၇,၄၁၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၆ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up