Saturday, June 3, 2023
HomeLead Storyမဲရုံတာဝန်ယူခဲ့သည့် ဆရာ၊ ဆရာမများကို အန်အယ်လ်ဒီထောက်ခံသူများဟု ကြံ့ခိုင်ရေးပါတီဝေဖန်

မဲရုံတာဝန်ယူခဲ့သည့် ဆရာ၊ ဆရာမများကို အန်အယ်လ်ဒီထောက်ခံသူများဟု ကြံ့ခိုင်ရေးပါတီဝေဖန်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာမဲရုံတာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမ အများစုက အန်အယ်လ်ဒီ ထောက်ခံသူတွေဖြစ်ပြီး ကြားနေသူ မဖြစ်ခဲ့ဘူးလို့  ကြံ့ခိုင်ရေးပါတီက ဝေဖန်စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်ဌာနချုပ်ခွဲမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ဖြန့်ဝေတဲ့စာရွက်မှာ မဲရုံ တာဝန်ယူခဲ့တဲ့ ကျောင်းဆရာမတွေနဲ့ ပတ်သက်လို့  ထည့်သွင်းဝေဖန်ထားတာပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အားနည်းချက်များလို့ ခေါင်းစဉ်တပ်ထားတဲ့  ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်ချက်ရဲ့မှာ   “မဲရုံမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ဆရာ ဆရာမအများစုဟာ အန်အယ်လ်ဒီ ထောက်ခံသူများသာ ဖြစ်ပြီး ကြားနေ ဆရာ ၊ ဆရာမ များ မဖြစ်သည်ကို တွေ့ရှိခဲ့ရသည်” လို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ပြီးရင် ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယ အများဆုံး ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ 

သတင်း – ထက်ဝေအောင်၊ ဓာတ်ပုံ – ပြည့်ဘုန်းအောင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular