Monday, June 5, 2023
HomeLead Storyအင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်၏ ပြည်တော်ပြန်ခရီး ထောက်ခံသူများ ကြိုဆို

အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်၏ ပြည်တော်ပြန်ခရီး ထောက်ခံသူများ ကြိုဆို

အင်ဒိုနီးရှားရဲ့ အငြင်းပွားဖွယ် ဘာသာရေးဆရာ ရီဂျစ်ရှီဟတ်ရဲ့ နိုဝင်ဘာ ၁၀ ရက် ပြန်တော်ပြန်ခရီးကို ထောက်ခံသူ ထောင်ချီပြီး ကြိုဆိုကြပါတယ်။ 

ရှီဟတ်ဟာ အကြမ်းဖက်မှုလှုံ့ဆော်ရေး စွဲချက်တွေနဲ့ ၂၀၀၈ ခုနှစ်က ထောင်ကျခဲ့ပြီး သဘောထားတင်းမာတဲ့ အစ္စလာမ်မစ်ကာကွယ်ရေးတပ်ဦး (FPI)ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ 

သူဟာ ရှေးရိုးစွဲအစ္စလာမ်ဘာသာရဲ့ ဦးစီးဦးဆောင်ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ဂျကာတာ အုပ်ချုပ်ရေးမှူးကို  ရာထူးက ဖြုတ်ချခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုရဲ့  ခေါင်းဆောင်လည်း ဖြစ်ပါတယ်။  

အဲဒီနှစ်မှာပဲ ရဲတပ်ဖွဲ့က ရှီဟတ်ကို အင်ဒိုနီးရှားရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ခွဲခြားထားတဲ့ အယူဝါဒကို စော်ကားမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

၂၀၁၇ မှာတော့ ရှီဟတ်ဟာ အင်ဒိုနီးရှားက ထွက်ခွာပြီး ဆော်ဒီအာရေးဘီးယားမှာ  တကိုယ်တော် ပြည်ပြေးဘဝနဲ့ နေထိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ရှီဟတ်ဟာ အင်ဒိုနီးရှားနိုင်ငံကို  ပြန်လာခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular