Monday, June 5, 2023
HomeCOVID19Music Zone KTV ဆိုင်ပိုင်ရှင်နှင့် မန်​နေဂျာတို့ကို ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိ 

Music Zone KTV ဆိုင်ပိုင်ရှင်နှင့် မန်​နေဂျာတို့ကို ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိ 

Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်​နေဂျာတို့ အင်းစိန်အကျဉ်းထောင်မှာ ကျန်းမာ​ရေးစစ်​ဆေးမှုခံယူ​နေရတာ​ကြောင့် ဒီက​နေ့ရုံးထုတ်စစ်​ဆေးခြင်းမရှိခဲ့ပါဘူး။ 

ကိုဗစ်ကာလမှာ အစိုးရရဲ့ထုတ်ပြန်ချက်မလိုက်နာဘဲ KTV ဆိုင်ဖွင့်ခဲ့တဲ့ သင်္ဃန်းကျွန်း မြို့နယ်က Music Zone KTV ဆိုင်ပိုင်ရှင် ဦး​ဇော်မင်းနဲ့ မန်​နေဂျာတို့ကို သဘာ၀ ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထားတာပါ။

 နို၀င်ဘာ ၁၀ ရက်​နေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံမှာ ရုံးထုတ်ဖို့စီစဉ်ထားပေမဲ့ အင်းစိန်အကျဥ်း​ထောင်မှာ ကျန်းမာ​ရေးစစ်​ဆေးမှုခံ​နေရတာ ​ကြောင့် ဒီက​နေ့မှာ ရုံးထုတ်ခဲ့ခြင်းမရှိခဲ့ဘူးလို့စွပ်စွဲခံရသူဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​နေတဲ့ တရားလွှတ်​တော်​ရှေ့​နေ ဦး​ဇော်သိန်းထွန်းက ​ပြောပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး ဘယ်နှစ်လအတွင်း အပြီးသတ်စစ်​ဆေးမယ်ဆိုတာကို​တော့ မသိရှိရ​သေးပါဘူး။ နောက်အပတ်ရုံးချိန်းကို​တော့ နို၀င်ဘာ ၂၄ ရက်​နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

Music Zone KTVဆိုင်နဲ့  ဆက်နွှယ်ပြီး ပြည်တွင်းမှာ လူ​ပေါင်း ၁၀၀ နီးပါး​လောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular