မင်းကင်းမြို့ တောင်ဘက်တွင် မြေငလျင်လှုပ်
DVB
·
November 10, 2020
စစ်ကိုင်းတိုင်း မင်းကင်းမြို့ရဲ့ တောင်ဘက်မှာ အင်အား ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၁၅ မိနစ်၊ ၄၀ စက္ကန့် အချိန်မှာ မင်းကင်းမြို့ရဲ့ တောင်ဘက် ၃ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၀ ဒီဂရီ၊ အနက် ၇၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။