မိုးကုတ်မြို့တွင် NLD ပါတီထောက်ခံသူ အများအပြား အောင်ပွဲခံ (ဓာတ်ပုံ)
DVB
·
November 10, 2020
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေက နိုဝင်ဘာ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်က ရုံးချုပ်ရှေ့မှာ အောင်ပွဲခဲ့ကြပါတယ်။
အန်အယ်လ်ဒီ အောင်ပွဲအတွက် မီးပုံးလွှတ်တာ၊ မီးရှူးမီးပန်းတွေ ဖောက်ခဲ့ကြပြီး ည ၈ နာရီခွဲလောက်မှာ လူစုကွဲသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
မိုးကုတ်မြို့နယ်မှာ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ပါတီ ၈ ပါတီ၊ ကိုယ်စားလှယ်လောင်း ၂၆ ယောက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
သတင်း - ဟန်နာထက်အောင်