Monday, June 5, 2023
HomeLead Storyလဲချားတွင် ကျားခေါင်းပါတီက လွှတ်တော်သုံးရပ်လုံး မဲအများဆုံးရရှိ

လဲချားတွင် ကျားခေါင်းပါတီက လွှတ်တော်သုံးရပ်လုံး မဲအများဆုံးရရှိ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်မှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက လွှတ်တော်သုံးရပ်လုံးမှာ မဲအသာစီးရနေတယ်လို့ သိရပါတယ်။

မနေ့ညသန်းခေါင်အထိ ရေတွက်ပြီးသလောက် ကျားခေါင်းပါတီက  အမျိုးသား လွှတ်တော်ကိုယ်စားလှယ်မှာ ၁၁၈၈၄ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ၁၂၅၃၅ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၅၈၀၈ မဲနဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ ၂ မှာ ၇၃၆၁ မဲ ရထားတယ်လို့ လဲချားမြို့နယ် SNLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းသူရိန်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ကျားဖြူပါတီ (SNDP) ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၉၈ မဲ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဆင့်မှာ ၁၄၄၂ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၈၃၃ မဲနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေ ၂ မှာ ၈၆၀ မဲ ရထားတယ်လို့ ဆိုပါတယ်။ 

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ  ၂၄၀၃ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဆင့်မှာ ၂၃၆၅ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၁၄၄၇ မဲနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေ ၂ မှာ  ၁၁၈၄ မဲ ရထားပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ  ၁၁၀၂ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဆင့်မှာ ၁၁၄၆ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၉၁၆ မဲနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေ ၂ မှာ  ၂၂၉ မဲ ရထားပြီး တအာင်းအမျိုးသားပါတီ TNP ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာဘဲ ၆၅၅ မဲ ရရှိတယ်လို့ ဆိုပါတယ်။ 

လဲချားမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက် ကျေးရွာအုပ်စု ၁၉ စုရှိပြီး မဲပေးခွင့်ရသူ လူဦးရေ ၃၈၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၃၆ ရုံရှိပါတယ်။ 

အထက်ပါ မဲရလဒ်တွေကတော့ သက်ဆိုင်ရာမဲရုံတွေက ရလဒ်တွေကို ပေါင်းထားတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုချက်ကိုရယူရဦးမှာဖြစ်ပါတယ်။ 

လောလောဆယ် သူတို့ပါတီက မဲအရေအတွက် အသာစီးရနေလို့ ကျေနပ်အားရမိကြောင်း၊ ဒါဟာ သူတို့ပါတီအနေနဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူထုအကျိုးပြုတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားဖို လဲချားပြည်သူတွေက SNLD ကို ယုံကြည်စိတ်ချစွာ တာဝန်ပေး အပ်လိုက်တယ်လို့ မှတ်ယူကြောင်း စိုင်းသူရိန်ဦးက ပြောပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular