အကြမ်းဖက်မှုကို မန္တလေးသံဃာများ ကန့်ကွက်ဆန္ဒပြ
အေးနိုင်
·
August 6, 2013

အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ စီတန်းကြွချီ ဆန္ဒထုတ်ဖော်ကြပါတယ်။
မန္တလေးမြို့ ၃၈ လမ်း၊ ၈၇နဲ့ ၈၈ လမ်းကြားအနီးမှာ သံဃာအပါး ၂၀၀ လောက်နဲ့ စတင်ကြွချီကြတာဖြစ်ပြီး နောက်ပိုင်းမှာ သံဃာနဲ့လူ ထပ်မံတိုးပွားလာတာကြောင့် ဦးရေ ၄၀၀ ကျော်လောက်ထိ များပြားလာတယ်လို့ မန္တလေးအခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုစူပါက ပြောပါတယ်။
“အဓိကကတော့ သူတို့ တိုင်း(မ်)မဂ္ဂဇင်းမှာပါတဲ့ ဦးဝီရသူကိစ္စရယ်၊ ဗုဒ္ဓဘာသာဝင်တွေ တရားပွဲမှာ ဗုံးခွဲခံရတယ်ဆိုတဲ့ကိစ္စရယ်၊ နောက်ဆုံးတချက်က ဗုဒ္ဓဂါယာမှာ ဗုံးကွဲတဲ့ကိစ္စရယ်၊ ဒါတွေကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြပွဲလုပ်တာပါ” လို့ ပြောပါတယ်။
ဆန္ဒပြခွင့်ကို အုပ်ချုပ်ရေးပိုင်းက ကနဦးပိုင်း ခွင့်ပြုပေးခဲ့ပေမယ့် ပြန်ပိတ်ခဲ့တာကြောင့် အခုလို သဘောဆန္ဒအလျောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆိုပါတယ်။ မွန်းတည့်ပိုင်းကနေ ၁ နာရီခွဲကျော် ကြွချီပြီး ဘုရားကြီးမှာ ဆန္ဒပြပွဲကို အဆုံးသတ်တယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံ - အိမ်ခိုင်မြဲ)
Read more