A d v e r t i s e m e n t With Us

တခြားဥရောပလိဂ်များ၌ စပါးအသင်း ချန်ပီယံဖြစ်နိုင်ဟု မော်ရင်ဟို သုံးသပ်

စပါးအသင်းဟာ ဥရောပက တခြားလိဂ်တွေမှာဆိုရင် ချန်ပီယံဆုဖလား ရယူနိုင်စွမ်းရှိတဲ့အသင်း ဖြစ်လိမ့်မယ်လို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။  အသင်းတသင်းက ချန်ပီယံဖြစ်ရင် ဒါမှမဟုတ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်ခဲ့ပါက ပြိုင်ဘက်အသင်းအပေါ်မှာသာ တိုက်ရိုက်တည်မီတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ထိပ်တန်းအသင်းကြီးတွေကသာ ချန်ပီယံဆုဖလား ရရှိနိုင်ပြီး ကောင်းမွန်တဲ့ရာသီတခု ဖြစ်တိုင်း ချန်ပီယံမဖြစ်နိုင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။  ပရီးမီးယားလိဂ်က အခက်ခဲဆုံးလိဂ်ပြိုင်ပွဲဖြစ်ပြီး စပါးအသင်းက တခြား ဥရောပနိုင်ငံတွေက လိဂ်တွေမှာသာ ကစားမယ်ဆိုရင် ချန်ပီယံဆုဖလား ရယူနိုင်လိမ့်မယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။  ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့အတွက် ပြိုင်ဘက်အသင်းတွေရဲ့ ရလဒ်တွေကို စိတ်မဝင်စားကြောင်းနဲ့ တပွဲချင်းစီ ပြင်ဆင်ပြီး အနိုင်ရလဒ်တွေ ရယူနိုင်ဖို့သာ ကြိုးပမ်းရမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။  စပါးအသင်းဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဟာရီကိန်းရဲ့ ပွဲပြီးခါနီးဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up