Monday, June 5, 2023
HomeLead Storyကနီမြို့နယ်တွင်  ဆန္ဒမဲမပေးလိုက်ရသည့်  ပြည်သူများက ကော်မရှင်ထံ တိုင်ကြား 

ကနီမြို့နယ်တွင်  ဆန္ဒမဲမပေးလိုက်ရသည့်  ပြည်သူများက ကော်မရှင်ထံ တိုင်ကြား 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်အုပ်စု သစ်ခက်‌ကျေးရွာနဲ့ ဘုတ်ကုန်းအုပ်စု၊ သင်္ကန်းစွဲ ကျေးရွာက ဆန္ဒမဲမပေးလိုက်ရတဲ့ ပြည်သူတွေက လာရောက်တိုင်ကြားထားတယ်လို့ မြို့နယ်ကော်မရှင်ရုံးကနေ သိရပါတယ်။

သစ်ခက်ရွာသား ဦးသန်းလှိုင်က “ကျနော်တို့ မဲစာရင်းမှာမပါလို့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ကို အသိပေးပါတယ်။ လိုအပ်တဲ့အချက်လက်‌တွေလည်း ပေးတယ်။ ဘာကြောင့် မဲမပေးရတာလဲဆိုပြီး ကနီမြို့နယ်ကော်မရှင်ကို လာပြီးတင်ပြတာပါ” လို့ ပြောပါတယ်။ 

ကော်မရှင်ရုံးကို လာတိုင်တဲ့အထဲမှာ ပထမအကြိမ် မဲစာရင်းမှာပါပြီး ဒုတိယအကြိမ် မဲစာရင်းမပါတဲ့သူတွေရှိသလို မဲစာရင်းကြေညာတဲ့ နှစ်ကြိမ်စလုံးမှာ မပါဝင်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြို့နယ်ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်အေးက “မဲစာရင်းမှာမပါလို့ မဲမပေးလိုက်ရဘူးဆိုပြီး မြို့နယ်ကော်မရှင်ကို တိုင်ကြားသူလူဦးရေ ၁၃ ဦးရှိပါတယ်။ ကျနော့်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေအရ တရားစွဲဖို့ရာ ညွှန်ကြားထားပါတယ်” လို့ ပြောပါတယ်။

ကနီမြို့နယ်မှာ ၂၀၂၀ မဲစာရင်းတွေအရ မဲပေးသူ ၁၁၀,၀၀၀ ကျော်ရှိပြီး နိုဝင်ဘာ ၉ ရက်မနက် ၇ နာရီအထိ ရရှိထားတဲ့ မဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular