ရန်ကုန်တိုင်းအတွင်း ပြည်သူ့လွှတ်တော် ၆ နေရာတွင် အန်အယ်လ်ဒီ အနိုင်ရနေ
DVB
·
November 9, 2020
ရန်ကုန်တိုင်းဒေသကြီးမှာ ၆ နေရာနဲ့ စစ်ကိုင်းတိုင်းမှာ ၁ နေရာ၊ စုစုပေါင်း ပြည်သူ့လွှတ်တော်နေရာ ၇ နေရာမှာ အနိုင်ရနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
လသာမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မို့မို့အောင်၊ ပန်းဘဲတန်းမြို့နယ်မှာ ဦးစည်သူမောင်၊ ကျောက်တံတားမြို့နယ်မှာ ဦးနေမျိုးထက်၊ လမ်းမတော်မြို့နယ်မှာ ဦးခင်မောင်ဝင်း၊ ပုဇွန်တောင်မြို့နယ်မှာ ဦးမြင့်လွင်နဲ့ ဒေါပုံမြို့နယ်မှာ ဦးဟန်စိုးတို့က အနိုင်ရပြီး စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာတော့ ဦးနေစိုးအောင်က အနိုင်ရနေတယ်လို့ မဲရလဒ်တွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်မှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
Photo- NLD