ရွှေဘိုတွင် အမျိုးသားလွှတ်တော်အတွက် ကြိုတင်မဲများရေတွက်မှုပြီးစီး၊ အန်အယ်လ်ဒီအနိုင်ရ
DVB
·
November 8, 2020
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ အမျိုးသားလွှတ်တော်နေရာအတွက် ပြည်တွင်း ပြည်ပ နဲ့ တပ်က ကြိုတင်မဲတွေကို ရေတွက်မှုပြီးစီးသွားပြီဖြစ်ပြီး NLD ပါတီကိုယ်စားလှယ်လောင်းက အနိင်ရရှိသွားတယ်လို့ သိရပါတယ်။
အမျိုးသားလွှတ်တော်နေရာမှာ အန်အယ်လ်ဒီ ပါတီက ၄၀၁ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃၂၇ မဲ ရရှိခဲ့ပြီး ပယ်မဲက ၃ မဲရှိတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
ပြည်တွင်း ပြည်ပနဲ့ တပ်က ကြိုတင်မဲတွေ ရေတွက်မှုကို ရွှေဘိုမြို့ မြို့တော်ခန်းမရှေ့မှာ Projector နဲ့ တိုက်ရိုက်ပြသထားတယ်လို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော်နေရာအတွက်လည်း အန်အယ်လ်ဒီ ပါတီက မဲ ၄၀၀၊ ကြံ့ခိုင်ရေးပါတီက ၃၂၁ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၃ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြိုတင်မဲတွေ ဆက်လက်ရေတွက်နေတယ်လို့ သိရပါတယ်။
သတင်း-ချိုသဲကြည်