A d v e r t i s e m e n t With Us

မန္တလေးတိုင်း အန်အယ်လ်ဒီရုံးရှေ့ ပါတီဝန်းရံသူများ လူစုခွဲပေးရန် ဝန်ကြီးချုပ် မေတ္တာရပ်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးပါတီရုံးရှေ့မှာ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲည ၈ နာရီလောက်ကစပြီး ပါတီဝန်းရံသူတွေ စုရုံးလာတာ များလာနေတာကြောင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လူစုခွဲဖို့ မေတ္တာရပ်ခံနေပါတယ်။ အခုချိန်ထိ မဲရုံအလိုက် မဲစာရင်းတွေကို ရေတွက်နေဆဲဖြစ်လို့ မဲရလဒ်တွေကိုတော့ မသိရှိရ သေးပါဘူး။ လူစုလူဝေးများပြားလာတာကြောင့် ကိုဗစ်ကပ်ရောဂါကာလဖြစ်နေတဲ့အတွက် ပါတီ တာဝန်ရှိသူတွေက လူစုခွဲဖို့ အသိပေးပြောကြားခဲ့ချိန်မှာပဲ လူအုပ်စုကတော့ ပိုမိုများပြားလာတာလည်း ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်က “ကျနော်တို့ကို အခုလိုမျိုး အားပေးတာအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အခါမှာ ရန်ကုန်ရုံးချုပ်ရှေ့မှာလည်း အခုလိုပဲ လူအုပ်ကြီးဖြစ်နေတာ ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။ ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် ဒီလိုအားပေးတာကို ကျေးဇူးတင်ပေမဲ့ လူစုလူဝေးနဲ့ နီးကပ်နေတဲ့အတွက် တတ်နိုင်သမျှ ကျနော်တို့ရဲ့ အဖြေရလဒ်တွေကို အိမ်ကနေ လိုင်းပေါ် တယ်လီဖုန်း၊ ဖေ့စ်ဘွတ်ခ်တွေကနေ ကြည့်စေချင်ပါတယ်။ ဒီလိုမေတ္တာရပ်ခံရတဲ့အတွက် အထူးကို ဝမ်းနည်းမိပါတယ်၊ ခဏနေ လူစုခွဲပေးပါ” လို့ ပြောပါတယ်။  လာရောက်ဝန်းရံသူတွေဟာ အန်အယ်ဒီပါတီ အင်္ကျီတွေ၊ အလံတွေကို လွှမ်းခြုံဝတ်ဆင်ပြီး အော်ဟစ်အားပေးနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ်ကာလဖြစ်လို့ မဲရလဒ်တွေကို အွန်လိုင်းကသာ ထုတ်ပြန်မှာဖြစ်ပြီး မိမိအိမ်ကသာ စောင့်ကြည့်ကြဖို့ကိုလည်း ကြေညာထားပါတယ်။  ထိန်ထိန်လင်း

A d v e r t i s e m e n t With Us

More News
Up