Homeမြန်မာသတင်း
ဗန်းမော် ပြည်သူ့လွှတ်တော်နေရာအတွက် ကြိုတင်မဲရေတွက်မှုပြီးစီး၊ ကြံ့ခိုင်ရေးပါတီအနိုင်ရ
ဗန်းမော် ပြည်သူ့လွှတ်တော်နေရာအတွက် ကြိုတင်မဲရေတွက်မှုပြီးစီး၊ ကြံ့ခိုင်ရေးပါတီအနိုင်ရ
DVB
·
November 8, 2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်တွင်း၊ ပြည်ပနဲ့ တပ်က ကြိုတင်မဲ ရေတွက်မှု ပြီးစီးခဲ့ရာမှာ ကြံခိုင်ရေးပါတီက ၈၇၆ မဲနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကြိုတင်မဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအရေအတွက် ၁၄၀၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၁၀ မဲ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီက ၆ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ၁ မဲနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၁ မဲ အသီးသီးရရှိခဲ့ကြတယ်လို ဆိုပါတယ်။
ကြိုတင်မဲတွေကို ရေတွက်ရာမှာ ပယ်မဲ ၈ မဲ၊ စာအိတ်မပါ ၁ မဲနဲ့ မဲပုံးမှားထည့်တဲ့မဲ ၉ မဲရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမျိုးသားလွှတ်တော်အတွက် ကြိုတင်မဲတွေကို ရေတွက်နေဆဲပဲလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။