Home
သတင်းဓာတ်ပုံ
အမျိုးဘာသာ သာသနာကို အလေးထားသည့်ပါတီကို မဲပေးခဲ့ဟု ကာချုပ်ပြော
နေဖြိုးဝင်း
·
November 8, 2020
123919302_3997868926894763_885822922883458950_n
123764578_3997869256894730_4663319885185204581_n
123483652_3997869120228077_699755683659972991_n
124169002_3997860040228985_2409946370885679435_n
123769584_3997859896895666_7368576484120830474_n
123765741_3997860123562310_6455179433135182999_n
123723050_3997859833562339_4483492032570339971_n
123723050_3997859833562339_4483492032570339971_n (1)
123697641_3997859470229042_2965770113316350175_n
123691426_3997859700229019_2648291736863139572_n
124169002_3997860040228985_2409946370885679435_n
000000000
0000000000
000000000
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် နေပြည်တော်၊  ဇေယျာသီရိမြို့နယ်က အနော်ရထာတပ်မဲရုံ (၁) မှာ ဒီနေ့မနက်က မဲပေးခဲ့ တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်ကတော့ အမျိုးဘာသာ သာသနာ ပညာ ဒီပေါ်မှာ အလေးထားတဲ့ ပါတီ၊ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီ၊ ကျနော် အမြဲတမ်း ပြောတယ်၊ တပ်မတော်နဲ့လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ ပါတီကို ကျနော် ရွေးချယ်ပြီး မဲပေးခဲ့ ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။” လို့ ပြောပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။ “ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့အညီထွက်ပေါ်လာတဲ့ ရလဒ်တော့ လက်ခံရမှာပါ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာပဲ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်ပါ။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာလို့ ပြောချင်တယ်။” နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ပြည်သူနဲ့အမျိုးသားလွှတ်တော်နေရာတွေအတွက် အန်အယ်လ်ဒီက ဒေါက်တာမိုးဆွေ၊ ဦးမောင်မောင်ဆွေနဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးသန်းဌေးနဲ့  ဦးခင်မောင်ဌေးတို့ ဝင်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၂၄၉၀ ဦး၊ တပ်မဲရုံ ၁၆ ရုံအပါအဝင် မဲရုံပေါင်း ၇၄ ရုံရှိတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024