Live
Home
သတင်းဓာတ်ပုံ
ရေးမြို့တွင် မဲဆန္ဒရှင် ထောင်ချီ မဲပေး (ဓာတ်ပုံ)
DVB
·
November 8, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင် ရပ်ကွက်မဲရုံမှာ နိုဝင်ဘာ ၈ ရက်နေ့ မနက်က မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနေကြပါတယ်။ ထောင်နဲ့ချီတဲ့ မဲဆန္ဒရှင်တွေဟာ မဲရုံမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လာရောက်မဲပေးနေကြပါတယ်။ ရေးမြို့နယ်မှာ မဲရုံပေါင်း ၁၃၀ ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ  ၂၃ဝဝဝဝ ခန့်ရှိပြီး နိုင်ငံရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်လောင်း ၄၃ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရေးမြို့နယ်က မဲပေးကြသူတွေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူ ၆၀,၀၀၀ လောက် ပိုမိုများတယ်လို့  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ဆန္ဒမဲပေးသူတွေ စိတ်အေးချမ်းမြေ့စွာပေးနိုင်ဖို့ မဲရုံတွေတိုင်းမှာ လုံခြုံရေးကိုလည်း ရဲနဲ့ စေတနာ့ဝန်ထမ်းတွေက တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ - နေမျိုးထွဋ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024