ရွှေဘိုမြို့ အကျဉ်းဦးစီးဌာနတွင် ကြိုတင်ဆန္ဒမဲပေးအပြီး တံဆိပ်တုံး ပျောက်ဆုံးနေ
DVB
·
November 8, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အကျဉ်းဦးစီးဌာနမှာ နိုဝင်ဘာ ၆ ရက်နေ့က အချုပ်သားတွေ ကြိုတင်ဆန္ဒမဲပေးအပြီး တံဆိပ်တုံးတစ်တုံး ပျောက်ဆုံးနေတယ်လို့ ရွှေဘိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရှိရပါတယ်။
နိုဝင်ဘာလ ၆ ရက် နေ့လယ်ပိုင်းက မင်းကျောင်းကျေးရွာက အကျဉ်းကျနေတဲ့ အချုပ်သား ၃ ဦးအတွက် မင်းကျောင်းရပ်ကျေး ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲသွားရောက် ကောက်ယူစဉ် ဆန္ဒပြုတဲ့တံဆိပ်တုံး ပျောက်ဆုံးမှုဖြစ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုပြုလုပ်နေတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
ရွှေဘိုအကျဉ်းဦးစီးဌာနမှာ ကြိုတင်ဆန္ဒမဲပေးသူ ၉၆ ဦးရှိကြောင်း ရွှေဘိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
ချိုသဲကြည်