Home
သတင်းဓာတ်ပုံ
မဲပေးရန် တန်းစီနေကြသည့် တောင်ဥက္ကလာပမြို့နယ်က မဲဆန္ဒရှင်များ (ဓာတ်ပုံ)
စိုးမိုးအောင်
·
November 8, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ဥက္ကလာပမြို့နယ်က မဲရုံတချို့မှာ ဒီနေ့မနက်ပိုင်း မဲတင်ပေးနေပြီး လူဦးရေ ရာနဲ့ချီပြီး မဲပေးဖို့ လာရောက် တန်းစီနေကြပါတယ်။ တောင်ဥက္ကလာပမြို့နယ်က မဲရုံတချို့မှာ မဲ​ပေးချိန်မတိုင်မီ မနက် ၅ နာရီလောက်ကတည်းက မဲဆန္ဒပေးမဲ့ပြည်သူတချို့ မဲရုံတွေဆီရောက်ရှိနေပါတယ်။ ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ရေ ရောဂါကူးစက်မှု မြင့်မားနေတဲ့ တိုင်းဒေသကြီးတခုဖြစ်တာကြောင့် လူရှင်းမယ့်အချိန် မနက် ၅ နာရီလောက်ကတည်းက မဲပေးဖို့ လာရောက်တန်းစီနေတာလို့ မဲဆန္ဒရှင်တဦးက ပြောပါတယ်။ မဲရုံတွေဆီ မဲလာထည့်တဲ့ ပြည်သူတွေကို မဲရုံဝန်ထမ်းတွေက  Mask ဝေတာနဲ့ Face Shied ပေးတာတွေ လုပ်နေသလို လူချင်းခပ်ခွာခွာတန်းစီခိုင်းတာနဲ့ လက်ဆေးဟန်းဂျယ်တွေ အဆင့်သင့်ပြင်ဆင်ထားတာ ရှိပါတယ်။  တောင်ဥက္ကလာပမြို့နယ်မှာ မဲပေးခွင့်ရှိသူပေါင်း ၁ သိန်း ၃ သောင်းကျော်ရှိပြီး မသန်စွမ်းက ၃၀၀ ကျော်ရှိပါတယ်။ ပထမဆုံးမဲဆန္ဒပေးမယ့်သူ ၁၄၀၀၀ ကျော်၊ အသက် ၆၀ နဲ့အထက်အ အဘိုးအဘွား ၂၃၀၀၀ ကျော်ရှိပါတယ်။ မဲရုံပေါင်းကတော့ ၁၂၄ ရုံ၊ မဲရုံဝန်ထမ်း ၁၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024