ကိုဗစ်ကာလ အလှူဒါနပြုလုပ်ဖို့အတွက် နယ်ပယ်စုံက အနုပညာရှင်တွေရဲ့ ပန်းချီကားလက် ရာတွေကို “3 Color ပန်းချီပြခန်း”ကတဆင့် လေလံတင်ရောင်းချနေပြီး ခုနောက်ဆုံးအနေနဲ့ ဒါရိုက်တာ ကိုပေါက် ရေးထားတဲ့ ပန်းချီကား ၂ ချပ်ကို လေလံတင်ရောင်းချနေပါတယ်။
Affection(မေတ္တာ)နဲ့ Hope(မျှော်လင့်ခြင်း)လို့ အမည်ပေးထားတဲ့ အခရိုင်းလစ် ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ကျပ် ၃ သိန်းစီ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မှတ်ချက်အနေနဲ့ ကိုပေါက် ရေးသားပုံဖော်ထားတဲ့ ပန်းချီကားတွေဟာ Online မှ ပညာရှင်ကို လေးစားသောအားဖြင့် ပုံဖော်ထားတာ ဖြစ်ပြီး မူရင်းပညာရှင်ကို #Credit ပေးကြောင်းလည်း ရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီပန်းချီကားတွေကို လေလံဈေးပြိုင်ဝယ်ယူသူတွေကို “3 Color ပန်းချီပြခန်း”ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် တပြေးညီဖော်ပြပေးနေပြီး လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မနက် ၁၁ နာရီမှာ လေလံပိတ်သိမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉-၂၆ ၉၄ ၃၉ ၀၈ ၂ ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။
ရုပ်ရှင်၊ ဂီတ၊ ပန်းချီစတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေရဲ့ ပန်းချီလက်ရာ တွေကို လေလံတင်ရောင်းချခဲ့ရာမှာ ဒီကနေ့အထိ စုစုပေါင်း အလှူငွေကျပ် ၁၁၉ သိန်း ၃ သောင်း ရရှိထားခဲ့ပြီဖြစ်ကာ ဦးဝင်းဖေ၊ အိန္ဒြာကျော်ဇင်၊ ပြေသုဒြာ၊ ဟန်ထူးလွင်၊ ပိုင် တံခွန်၊ ဆန်းထွဋ်၊ အရိုး၊ မိုးယုစံ၊ G Latt၊ နေဒီလင်း၊ နေမျိုးဆေး၊ ဒွေး၊ ရဲတိုက်၊ နှင်း ဝတ်ရည်သောင်းတို့ရဲ့ ပန်းချီကားလက်ရာတွေ ပါဝင်ပါတယ်။