Home
သတင်းဓာတ်ပုံ
ဆိပ်ကြီးခနောင်တိုတွင် အင်အားကြီးပါတီ ၂ ခု အပြိုင်အင်အားပြမဲဆွယ်  
ပြည့်ဘုန်းအောင်
·
November 6, 2020
123929245_3640949372634547_8321985453469090691_n
123911999_3640950419301109_8390514366877920578_n
123765454_3640950175967800_8136854668687833413_n
123683831_3640949735967844_7009668280413396896_n
123681598_3640950945967723_6229905066065063355_n
123631648_3640950659301085_1263925803646022200_n
123603456_3640949445967873_6735503357012709786_n
123597017_3640950235967794_6363058207724837705_n
123591524_3640951299301021_7345472201567718510_n
123462594_3640951172634367_9078635044084000031_n
123455805_3640949632634521_5349282599177246592_n
123438543_3640950862634398_4124717151466932721_n
123435222_3640949289301222_8466620526966517716_n
123423706_3640949925967825_4751390539786712831_n
ရန်ကုန်တိုင်းအတွင်းက ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ မဲဆန္ဒနယ်တစ်ခုဖြစ်တဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်မှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းထိ မဲဆွယ်အင်အားပြနေတဲ့ ယာဉ်တန်းတွေကို ရဲလုံခြုံရေး အများအပြားနဲ့ တာဝန်ယူကာ ဆောင်ရွက်နေရပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ အဓိက အင်အားကြီးပါတီတွေဖြစ်တဲ့ အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေဟာ ရာနဲ့ချီတဲ့ လူအင်အား အများအပြားနဲ့ ဆိုင်ကယ်၊ ကား၊ သုံးဘီးဆိုင်ကယ်တွေနဲ့ ဆိပ်ကြီးခနောင်တို မြို့ကိုပတ်ပြီး အပြိုင်အဆိုင် မဲဆွယ် အင်အားပြ နေတာကြောင့် အခုလို မြို့နယ်ရဲတပ်ဖွဲ့ကနေ လုံခြုံရေး အင်အားယူပြီး ဆောင်ရွက်ပေးနေရတာလို့ မြို့နယ်ကော်မရှင် တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မဲဆွယ်လှည့်လည်အင်အားပြကြရင်း တဘက်နဲ့တဘက်  ထိပ်တိုက် ထိတွေ့မှုတွေရှိခဲ့ပြီး လက်ရှိမှာဆိုလည်း ပါတီတချို့က ကော်မရှင်တိုင်ကြားထားတာ တွေလည်း ရှိနေပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ လူဦးရေထက် ကျော်လွန်ပြီး လူအုပ်စု တွေနဲ့ မဲဆွယ်လှည့်လည်နေတာတွေနဲ့ ပက်သက်ပြီး အများပြည်သူကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာရှိတဲ့ ဆိပ်ကြီးခနောင်တိုမြို့မှာ ကြံ့ခိုင်းရေးပါတီဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီကတော့ ကိုယ်စားလှယ်လောင်းအသစ်တွေနဲ့ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် စောင့်ကြည့်ရမဲ့မဲဆန္ဒနယ်တစ်ခုပါ။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၆၀၀၀ ကျော် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024