DVB Logo
Home
မြန်မာသတင်း
ရခိုင်ပဋိပက္ခ မှားယွင်းပုံဖော်မှု ရခိုင်အဖွဲ့ ရှင်းလင်း
DVB
·
August 1, 2013
ရခိုင်ပဋိပက္ခ မှားယွင်းပုံဖော်မှု ရခိုင်အဖွဲ့ ရှင်းလင်း
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း မှားယွင်းတဲ့ သတင်းတွေကြောင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေကို ကြောက်စရာကောင်းတဲ့သူတွေအဖြစ် နိုင်ငံတကာက ပုံဖော်နေတာကို ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က ရှင်းလင်းခဲ့ပါတယ်။

မှားယွင်းတဲ့ သတင်းတွေနဲ့ ပုံဖော်မှုတွေကြောင့် နိုင်ငံတကာသတင်းမီဒီယာတွေ၊ ကမ္ဘာ ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အဖွဲ့တွေ၊ ပြည်ပက စောင့်ကြည် လေ့လာသူတွေက မှားယွင်းတဲ့ ယူဆချက်တွေ ရှိနေတဲ့အတွက် အစီရင်ခံစာကို ထုတ်ပြန်လိုက်တာလို့ AHRDO အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ရခိုင်ဌာနေ တိုင်းရင်းသားဖြစ်သလို အာဃာတ တရားကြောင့် အကြောင်းမဲ့ သတ်ဖြတ်ခံရပြီး နိုင်ငံသား ပေးသင့်တယ်ဆိုတဲ့ မှားယွင်းတဲ့ ယူဆချက်တွေ ဖြစ်လာတဲ့အတွက် ပဋိပက္ခနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ရေးသားတာလို့လည်း သူက ပြောပါတယ်။

ရခိုင်တွေကသာ ဌာနေတိုင်းရင်းသားတွေ ဖြစ်ပြီး ရိုဟင်ဂျာတွေဟာ ဌာနေ တိုင်းရင်းသားတွေ မဟုတ်တဲ့အကြောင်းနဲ့ နိုင်ငံတကာမီဒီယာတခုက ပုံဖော်နေသလို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာ မဟုတ်ကြောင်း သူက  အခုလို ပြောပါတယ်။

“နိုင်ငံတကာမီဒီယာတွေမှာ ရေးထားတာတွေက တလွဲတွေ ဖြစ်နေတယ်။ ရခိုင်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ရေးထားတာတွေက အကုန်လုံးလွဲနေတယ်။ ဒါကြောင့် အမှန်တရားကို သုတေသနလုပ်ထားတာဖြစ်ပါတယ်။ အထူးသဖြင့် အယ်ဂျားဇီးယားမှာ သုံးထားတာ တွေ့မှာတယ်။ အဲထဲမှာသုံးထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုက မဟုတ်ဘူး။ ကျနော်တို့ မြန်မာတပြည်လုံးမှာ လူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်က မရှိပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာက ဂျူးတွေကိုသတ်ခဲ့တာမျိုးမှ လူမျိုးတုံးသတ်ဖြတ်တာ ဖြစ်ပါတယ်။ အခု ကျနော်တို့မှာ ဖြစ်တာက အပြန်အလှန်အကြမ်းဖက်ကြတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ပဲ ပြောလို့ရမယ်။ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ပြောလို့မရဘူး။ အဲဒါတွေကို အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။”

ရန်ကုန်မှာ ဩဂုတ် ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲကနေ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာဟာ လူ ၂၀၀ လောက်ကို တွေ့ဆုံမေးမြန်းပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒီအစီရင်ခံစာကို ဖတ်ပြီးရင်တော့ လူအများ ပြောဆိုနေတဲ့ အရာတွေ ပကတိအမှန်တရား ကွဲပြားနေတာကို သိရှိသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရာချီတဲ့ အိမ်တွေမီးလောင်ခဲ့သလို ထောင်ပေါင်းများစွာသော လူတွေဟာလည်း အိုးအိမ်စွန့်ခွာခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013