Home
Lead Story
နို့ဘီလူးရုပ်ရှင်က ဘူတန်အခြေစိုက်-Druk International film festival(DIFF)တွင် ဆု ၄ ဆုရရှိ
DVB
·
November 6, 2020
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ နို့ဘီလူးရုပ်ရှင်ကားဟာ ဘူတန်အခြေစိုက် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Druk International film festival(DIFF)မှာ ဆု ၄ ဆု ချီးမြှင့်ခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီကားထဲမှာ အဓိကသရုပ်ဆောင်အနေနဲ့ရော ဒါရိုက် တာအနေနဲ့ပါ ရိုက်ကူးခဲ့တဲ့ လူမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။ “ပြည်တွင်းရုပ်ရှင်ထူးချွန်ဆုများအတွက် အများဆုံး ထင်ကြေးပေးခံထားရပြီး ပွဲ က မကျင်းပနိုင်သေးတဲ့အချိန်မှာဘဲ DRUK INTERNATIONAL FILM FESTIVAL မှာ ဆု ၄ ဆု ချီးမြှင့်ခြင်းခံရတဲ့အတွက် “နို့ဘီလူး”အဖွဲ့သားများကိုယ်စား ဝမ်းသာဂုဏ်ယူမိပါ သည်”  
  1. Best Narrative Feature Film
    (Outstanding Achievement Award)      ” THE MILK OGRE” နို့ဘီလူး
  1. Best Diirector
     (Outstanding Achievement Award)    “ LU MIN”
  1. Best Actor
     (Outstanding Achievement Award)      “ LU MIN”
  1. Best Supporting Actress
     ( Outstanding Achievement Award)      “ SHWE HMONE YATI” အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ ပန်းချီ ရွှေအေးကိုရဲ့ ဇာတ်လမ်းကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ နို့ဘီလူးဆိုတာကတော့ မိခင်မှာနို့ဘီလူးအစွဲရှိနေရင် အဲဒီမိခင်က သူ့ရဲ့ ရင်သွေး ကို နို့ချိုတိုက်ကျွေးလို့ မရပဲ ကလေးအဖတ်မတင်ဖြစ်တတ်တယ်ဆိုတဲ့ ရိုးရာယုံကြည်မှု အယူအစွဲတခု ဖြစ်ပါတယ်။ ဒါကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီတို့နဲ့အတူ အကယ်ဒမီ မင်းသမီးကြီး ဒေါ်မြတ်မွန်ကပါ အထူးသရုပ်ဆောင် ထားခဲ့တာ ဖြစ်ပါတယ်။ ဘာသာရေး၊ ရိုးရာယုံကြည်မှုနဲ့ မိဘမေတ္တာဘွဲ့ရုပ်ရှင်ကားတကားဖြစ်တဲ့ နို့ဘီလူး ရုပ်ရှင်ကားထဲမှာတော့ ဒေါ်မြတ်မွန်ရဲ့ တကျော့ပြန်သရုပ်ဆောင် အနုပညာအစွမ်းကိုပါ ပ ရိသတ်တွေက ရှုစားခဲ့ကြရတာဖြစ်ပြီး ဒီကားကိုတော့ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024