A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ဩစတြေးလျအစိုးရက ကုမ္ပဏီ ၂ ခုနှင့် လက်မှတ်ထိုး

သြစတြေးလျအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကာကွယ်ဆေး လုံးရေ သန်း ၄၀ ကို  နိုဗာဗက်စ်ကုမ္ပဏီဆီကနေဝယ်ယူဖို့နဲ့ ကာကွယ်ဆေးအလုံးရေ ၁၀ သန်းကိုတော့ ပီဖှစ်ဇာနဲ့ ဘိုင်အန်တက်ခ် ကုမ္ပဏီဆီက အသီးသီးဝယ်ဖို့ သဘောတူညီချက် ၂ ရပ်ကို နိုဝင်ဘာ ၅ ရက်မှာ လက်မှတ်ရေးထိုး လိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ သြစတြေးလျ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိပါတယ်။ သြစတြေးလျအစိုးရဟာ စက်တင်ဘာလတုန်းကလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံတန်ဖိုးရှိတဲ့ ကာကွယ်ဆေးထိုးဆေးအလုံးရေ စုစုပေါင်း ၈၅ သန်း နီးပါးအတွက် အဲ့စ်ထရာဇေနေကာနဲ့ CSL  ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။ ပီဖှစ်ဇာ ဘိုင်အိုအန်တက်ခ်၊ အဲ့စ်ထရာ ဇေနေကာနဲ့ နိုဗာဗက်စ် ကာကွယ်ဆေးတွေဟာ အမေရိကန်နဲ့ ဥရောပမှာ စည်းမျဉ်းကြပ်မတ်သူတွေက ပထမဆုံး အတည်ပြုဖို့ ထိပ်တန်းက ယှဉ်ပြိုင်နေတဲ့ ဆေးတွေလည်း ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါကူးစက်ခံ ၂၇၆၀၀ ရှိပြီး ကူးစက်ခံ ၉၀၇ယောက် သေဆုံးခဲ့ပေမဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ စာရင် ကူးစက်ခံ ဦးရေ အများကြီး လျော့နည်း ပါတယ်။ နိုင်ငံတွင်း ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ဒေသမှာ အသစ်ထပ်မံ ကူးစက်မှု မရှိတာတော့ ၆ ရက် ဆက်တိုက်ရှိ ပါပြီ။ ကူးစက်ခံ ၇၃ရာခိုင်နှုန်းနဲ့ ကူးစက်ခံ သေဆုံးသူ ၉၀ရာခိုင်နှုန်းကျော်ကတော့ ဗစ်တိုးရီးယား ပြည်နယ် တခုတည်းက ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up