မြန်မာနယ်စပ်တွင် မူးယစ်ကုန်သည်နှင့် ထိုင်းစစ်တပ် ပစ်ခတ်

သိမ်းဆည်းရမိသည့် မူးယစ်ေဆး၀ါးနှင့် ကျည်ဆန်များ (ဓာတ်ပုံ - http://www.maesainewsonline.com)
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ လက်နက်ကိုင်မူးယစ်ဆေးဝါးကုန်သည်တွေ တိုက်ပွဲဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါး အချီကြီးဝင်ရောက်လာမယ်လို့ ကြိုတင် သတင်းရထား ချက်အရ  အမှတ် ၃၁ နယ်စပ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က အဖွဲ့ဝင် ၇ ဦး ပူးပေါင်းပြီး မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ် ဘန့်ပါခါးကျေးရွာအုပ်စုအနီး တောစပ်ထဲ ၀င်ရောက် စောင့်ဆိုင်းခဲ့ပါတယ်။ [caption id="attachment_42118" align="alignright" width="300" caption="သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် ကျည်ဆန်ထုပ် (ဓာတ်ပုံ - http://www.maesainewsonline.com)"][/caption] အဲဒီချိန်မှာ  မြောက်ဘက်အရပ်ကနေ ၀င်လာတဲ့  သေနတ်ရှည်လွယ်ထားတဲ့သူ  လူ ၆ ဦး၊ ၇ ဦးလောက်ကို တွေ့ရပြီး တာဝန်ရှိသူတွေက စစ်ဆေးခွင့်တောင်းရာမှာ သူတို့ဘက်က သေနတ်နဲ့ စတင် ပစ်ခတ်တဲ့အတွက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပစ်ခတ်ရင်းက  မြန်မာနယ်စပ် တောအုပ်ထဲကို ၀င်ပြေးသွားပြီး တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ သူတို့ဘက်က ကျကျန်ခဲ့တဲ့ အထုပ်တွေထဲကနေ ရာဘဆေးပြား အလုံး ၄၀၀၊ အိုက်စ်ရေခဲမူးယစ်ဆေး   အလေးချိန် ၄ ကီလိုဂရမ်နဲ့ ကျည်ဆန်အတောင့် ၃၀ ပါရှိတဲ့ အထုပ် ၁ ထုပ်ကို သိမ်းဆည်းရမိတယ်လို့ သတင်းက ဆိုပါတယ်။ သူတို့ ဆုတ်ခွာရာ လမ်းတလျှောက်မှာ သွေးစတွေ ဆက်တိုက်တွေ့ရတဲ့အတွက် ဒဏ်ရာရသူရှိမယ် ထင်ရကြောင်း၊  မူးယစ်ကုန်သည်တွေ ဖမ်းဆီးရမိဖို့ အဲဒီအနီးနားတ၀ိုက်က ကျေးလက်ဆေးပေးခန်းတွေကို စောင့်ကြည်ဖို့ မယ်ဖာ့လုံမြို့နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့သတင်းဌာနက အဆင့်မြင့်အရာရှိတဦးကတော့  အဲဒီ မူးယစ်ကုန်သည်တွေဟာ မူးယစ်မှုနဲ့ ဆုငွေ ထိုင်းဘတ်   ၅ သန်း ထုတ်ထားတဲ့ ဗိုလ်မှူး ယီ့ဆေးရဲ့ အဖွဲ့ဝင်တွေ  ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြောင်း မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up