Home
မြန်မာသတင်း
အလှဖန်တီးရှင်များ ကိုဗစ်စည်းကမ်းနှင့်အညီ မြင်းစီးလှည့်လည် 
DVB
·
November 3, 2020
123696917_831314960954473_2545744250028099665_o
123448589_831314527621183_6017966855833616791_o
123371098_831314870954482_500063905509341093_o
123361424_831314624287840_4701418695555575350_o
123264147_831314400954529_6426350958909752592_o
123041612_831314690954500_5833229403132015634_o
123108173_831314314287871_8210181759800552221_o
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ပေါ်မှာ အလှဖန်တီးရှင်‌တွေဟာ အန်အယ်လ်ဒီပါတီကို အားပေး ဝန်းရံတဲ့အနေနဲ့  နိုဝင်ဘာ ၃ ရက်မနက်က  ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ မြင်းတွေနဲ့ လှည့်လှည်ခဲ့ပါတယ်။ ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ ကျိုက်ထော်က အလှဖန်တီးရှင်  ၁၀ ဦးစုပေါင်းပြီး မြင်းတွေနဲ့ ကွမ်းခြံကုန်းမြို့အတွင်း လှည့်လည်ခဲ့တာပါ။ “ပါတီခေါင်းဆောင် အမေစုကို ချစ်မြတ်နိုးတဲ့အတွက် အလှဖန်တီးရှင်‌တွေအနေနဲ့ ၂၀၂၀မှာ လုပ်ခွင့်ရတာလေးတစ်ခုကို လုပ်လိုက်ရတာ”လို့ ဦးဆောင်ကျင်းပတဲ့ အလှဖန်တီးရှင် မိတ်ကပ်ကိုမြင့်ဦးက ပြောပါတယ်။ လှည့်လည်ရာမှာ မြင်းထိန်းအပါအဝင် လူအယောက် ၃၀ လောက်သာ ပါဝင်ပြီး ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ mask တပ်ပြီး ခြောက်ပေစီခြားကာ လှည့်လည်တယ်လို့ ဆိုပါတယ်။ လူစုလူဝေးမဖြစ်စေဖို့ တခြားအဖွဲ့တွေ မပူးပေါင်းစေဘဲ ကိုယ့်အဖွဲ့နဲ့သာ ပါတီကိုယ်စားပြုအရောင်တွေ ဝတ်စားဆင်ယင်ပြီး မြို့အနှံ့ မြင်းစီးလှည့်လည်ဝန်းရံခဲ့တယ်လို့ သိရပါတယ်။ သတင်း- လွင်မိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024