Monday, June 5, 2023
HomeCOVID19စပိန်တွင် ကိုဗစ်စည်းကမ်းချိုးဖောက်မှုဖြင့် ဘားဆိုင်နှင့် ပါတီပွဲများကို ရဲတပ်ဖွဲ့က ဝင်ဖမ်း 

စပိန်တွင် ကိုဗစ်စည်းကမ်းချိုးဖောက်မှုဖြင့် ဘားဆိုင်နှင့် ပါတီပွဲများကို ရဲတပ်ဖွဲ့က ဝင်ဖမ်း 

စပိန်မြို့တော် မက်ဒရစ်က စည်ပင်ရဲတွေဟာ တရားမဝင် ပါတီပွဲ ၈၁ ပွဲ၊ ဘော်တယ်ယောနက်စ်လို့ စပိန်မှာ သိကြတဲ့ အသောက်အစားပွဲ ၁၈ ပွဲနဲ့ အရက်ဘားဆိုင် ၁၀ ဆိုင်ကို ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ချိုးဖောက်မှုနဲ့ စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။

ပါတီတက်သူ အများအပြားဟာ လူချင်းခွာနေရမယ့် စည်းမျဉ်းကို မလိုက်နာသလို ပါးစပ် နှာခေါင်းစည်းတွေကိုလည်း ဝတ်မထားကြပါဘူး။

စပိန်မြို့တော်မှာ နိုဝင်ဘာ ၁ ရက်ညက စီးနင်းတာဖြစ်ပြီး မြို့တော်မှာ ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဘားတွေက အာခံရင်း ဆက်ဖွင့်ထားတာကို အရာရှိတွေက စစ်ဆေး တွေ့ခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးနှုန်းကို လျှော့ချဖို့ စပိန်ဟာ ခြောက်လကြာ အရေးပေါ် အခြေအနေကို အရင်သီတင်းပတ်က ချမှတ် ကြေညာထားပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့အထိ တရားဝင် အတည်ပြုထားတဲ့ ကူးစက်ခံ လူဦးရေ စုစုပေါင်းဟာ ၁၁၈၅,၀၀၀ ကျော် ရှိပေမယ့် ဝန်ကြီးချုပ်ကတော့ တကယ့် ကူးစက်ခံ လူဦးရေဟာ ၃ သန်းအထက်မှာ ရှိနိုင်တယ်လို့ လေ့လာချက်တွေနဲ့ ခန့်မှန်းချက်တွေကို အခြေခံပြီး ပြောထားပါတယ်။

စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေကတော့ ၃၅,၈၇၈ ယောက် ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular