Home
မြန်မာသတင်း
ကိုဗစ်လူနာသစ်စာရင်းတွင် ရန်ကုန် ၅၂၄ ဦးနှင့် ပဲခူးတိုင်းက အယောက် ၉၀ အများဆုံးတွေ့ရှိ
DVB
·
November 2, 2020
123433686_3926310880731521_3043705325452521430_o
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၆၉၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၅၂၄ ယောက်၊ ပဲခူးတိုင်းက အယောက် ၉၀ နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ  ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သန်လျင် ၇၈ ယောက်၊ စမ်းချောင်း ၄၉ ယောက်၊ သင်္ဃန်းကျွန်း ၃၉၊ တာမွေ ၃၅ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၃၉ ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၄ ခုမှာ အယောက် ၉၀၊ မန္တလေးတိုင်း မြို့နယ် ၉ ခုမှာ ၅၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၃ ခုမှာ ၃ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၆ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၈ ခုမှာ ၁၄ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုမှာ ၆ ယောက်၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၃၀ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၃,၄၀၅ ယောက်၊ သေဆုံးသူ ၁,၂၅၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၄,၁၈၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းနီးပါးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024