Home
မြန်မာသတင်း
Stay at Home တောင်ဒဂုံမြို့နယ်တွင် အန်အယ်လ်ဒီဝန်းရံသူများ အင်အားပြ (ဓာတ်ပုံ)
DVB
·
November 1, 2020
Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်မှာ နိုဝင်ဘာ ၁ ရက်နေ့က NLD ပါတီဝန်းရံထောက်ခံသူတွေ ရာနဲ့ချီလှည့်လည် အင်အားပြခဲ့ကြပါတယ်။ ရန်ကုန်မြို့ဟာ လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေဆဲဖြစ်တာကြောင့် ရန်ကုန်တိုင်းက မြို့နယ် ၄၄ မြို့နယ်ကို Stay At Home သတ်မှတ်ထားသလို ဒီမြို့နယ်တွေမှာ နိုင်ငံရေးပါတီတွေ မဲဆွယ်မှုလုပ်ခွင့်မရှိသလို ခွင့်ပြုချက်ပေးထားတာမျိုးလည်း မရှိသေးဘူးလို့ ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဒီဗွီဘီသတင်းဌာနကို ပြောဆိုထားတာလည်း ရှိပါတယ်။  NLD အင်အားပြသူတွေဟာ တောင်ဒဂုံ ၂၂ ရပ်ကွက်က လမ်းအလိုက် အင်အား ၂၀ ဝန်းကျင်လောက်စီ အင်အားပြရင်း စုရပ်နေရာမှာတော့ အင်အား ၂၀၀ ဝန်းကျင်ဖြစ်ခဲ့တာကြောင့် မေတ္တာရပ်ခံလူစုခွဲလိုက်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနိုင်က ပြောပါတယ်။  ပါတီဝန်းရံသူ​တွေများလာလို့ မြို့နယ်မှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း လာရောက်ခဲ့သလို ဦးဆောင်သူမရှိဘဲ ပါတီထောက်ခံသူတွေဖြစ်လို့ မေတ္တာရပ်ခံ လူစုခွဲခဲ့တာလို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024