A d v e r t i s e m e n t With Us

မန်ယူအသင်း ဆုဖလားစိန်ခေါ်နိုင်ပြီဟု မပြောနိုင်သေးကြောင်း ဘာဘာတော့ဗ် သုံးသပ်

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကို မန်ယူအသင်း စိန်ခေါ်နိုင်ပြီလို့ ပြောဖို့ စောသေးကြောင်း တိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်က ပြောပါတယ်။  မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်အသင်းတွေကို ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံး ၂ ပွဲမှာ ရလဒ်ကောင်းရထားတာပါ။  ရလဒ်ကောင်းရင် ကစားသမားတွေကြောင့်လို့ ပြောကြပေမယ့် ရလဒ်ဆိုးသွားရင်တော့ နည်းပြကြောင့်လို ပြောကြလေ့ရှိပြီး ယူနိုက်တက်အသင်းရဲ့ ရလဒ်ကောင်းတွေက နည်းပြဆိုးလ်ရှားနဲ့ ထိုက်တန်မှုရှိတယ်လို့ ဘာဘာတော့ဗ်ကပြောပါတယ်။  မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို အလျင်မြန်ရယူနိုင်လိမ့်မယ်လို့တော့ ပြောလို့မရနိုင်ကြောင်း၊ အဲဒီလို ဆုဖလားတွေ စိန်ခေါ်နိုင်တယ်လို့ ပြောဖို့သေးပြီး ခြေစွမ်းတည်ငြိမ်မှုရှိအောင် လုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ ဘာဘာတော့ဗ်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။  မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ ရောက်ရှိနေပြီး ဒီကနေ့ည အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up