DVB Logo
Home
မြန်မာသတင်း
မုဒိမ်းမှု ဆန့်ကျင်ရေး အမျိုးသမီးများ ဆန္ဒပြ
DVB
·
July 30, 2013
Donate to DVB

ဧရာဝတီတိုင်း လပွတ္တာမြို့က အမျိုးသမီး ၂၀၀ ကျော်လောက်ဟာ  ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့  ဒီကနေ့မနက်က  လပွတ္တာ မြို့လယ်ခေါင် လမ်းမတွေပေါ်မှာ  လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

လပွတ္တာမြို့နယ်အတွင်း မကြာသေးခင်က အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်  သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့  ဒီကိစ္စကို ထိရောက်စွာ အရေးယူပေးဖို့  ဆန္ဒထုတ်ဖော်ကြတာလို့   မြို့ခံ ကိုဇော်မိုးက ပြောပါတယ်။

“ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်မှု ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲပါ။ မုဒိမ်းမှုက လောလောဆယ် ဒီလအတွင်းမှာ ၂ မှုလောက် တက်နေတယ်။ မြန်မာအမျိုးသမီးတွေက အသက်ကလေးကြည့်လိုက်ရင် ၁၅ နှစ်၊ တယောက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ကလေးတွေက အဲဒီလို ပြုကျင့်ခံနေရတယ်။ အာဏာပိုင်တွေကလည်း ထိရောက်စွာ အရေးယူပေးဖို့နဲ့ ကျနော်တို့ သူတို့ကို အသိပညာပေးချင်တဲ့ သဘောနဲ့ပါ။ ဒီဟောပြောပွဲလုပ်ရင် စီတန်းလှည့်လည်တာ။”

ဆန္ဒပြမှာ အမျိုးသမီးတွေက   အဓမ္မမှုတွေ တိုက်ဖျက်ရေး၊ အမျိုးသမီးများဘ၀လုံခြုံရေး၊ မုဒိမ်းမှု ပပျောက်ရေး၊  မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ မြန်မာအမျိုးသမီးများဘ၀ ကာကွယ်ပေးရေး စတဲ့အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို  မြို့ခံ ရဲစခန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးရုံးဆီက တရားဝင်ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှု မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013